Share this

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ

လှုပ်ရှားမှုများ

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်သည့် ကော်မတီ၏အပြီးသတ်အစီရင်ခံစာရေးသားနိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးအား (၉.၁၀.၂၀၁၉)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင် အမျိုးသားလွှတ်တော် ရေးရာဆောင်(I-20) ၌  ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အဆိုပါအစည်းအဝေးသို့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ(၁) ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် အတွင်းရေးမှူး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်တို့ တက်ရောက်ခဲ့ကြပြီး ကော်မတီ၏အပြီးသတ်အစီရင်ခံစာရေးသားနိုင်ရေးအတွက် အချက်အလက်များကို ကြိုတင်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။