Share this

မြန်မာလွှတ်တာ်နှင့် Westminster Foundation for Democracy (WFD)တို့အကြား ချုပ်ဆိုထားသည့် မြန်မာလွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ သက်တမ်းတိုး လက်မှတ်ရေးထိုးပွဲကျင်းပ

သတင်းနှင့် ပြန်ကြားရေး

မြန်မာလွှတ်တော်နှင့် Westminster Foundation for Democracy (WFD)တို့အကြား ချုပ်ဆိုထားသည့် မြန်မာလွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ သက်တမ်းတိုး လက်မှတ်ရေးထိုးပွဲကို (၆-၁၂-၂၀၁၉)ရက်နေ့ (၁၃၀၀)နာရီတွင် လွှတ်တော်ရေးရာဆောင် (I-9)၌ ဆောင်ရွက်ခဲ့ပါသည်။ လက်မှတ်ရေးထိုးပွဲသို့ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့(JCC) ဒုတိယဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် JCC အဖွဲ့ဝင်များ၊ Westminster Foundation for Democracy (WFD)မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပါသည်။

သက်တမ်းတိုးသည့် နားလည်မှုစာချွန်လွှာတွင် JCC အဖွဲ့ တွဲဖက်အတွင်းရေးမှူး(၂)၊ အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးလွင်ဦးနှင့် Westminster Foundation for Democracy (WFD)မှ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် ဒေါ်စောသီရိရူပတို့က လက်မှတ်ရေးထိုးကြပါသည်။