Share this

မြန်မာနိုင်ငံအတွင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၏ ဆောင်ရွက်ပေးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ဆွေးနွေး

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ အကြီးအကဲ Mr. Boris Michel ဦးဆောင်သော အဖွဲ့အား ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်အခွင့်အရေး ကော်မတီဥက္ကဋ္ဌ ဦးမြညိမ်း၊ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC) ၏ အာရှနှင့် ပစိဖိတ်ဒေသတွင်း ဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံအတွင်း အပြည်ပြည် ဆိုင်ရာကြက်ခြေနီကော်မတီ၏ ဆောင်ရွက်ပေးခဲ့မှု အ‌ခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ကြသည်။