Share this

နှစ်နိုင်ငံ လွှတ်တော်ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်းအား ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ House of Regional Representatives, Members of the Committee for International Relation H.E.Poppy Susanti Dharsono ဦးဆောင်သောအဖွဲ့နှင့် အစ္စရေးနိုင်ငံသံအမတ်ကြီး H.E.Mr.Hagay Moshe Beharတို့သည် အမျိုးသားလွှတ်တော် ကော်မတီဆောင်၌ သီးခြားစီ လာရောက်တွေ့ဆုံသည်။

အင်ဒိုနီးရှားနိုင်ငံ House of Regional Representative, Members of the Committee for International Relation H.E.Poppy Susanti Dharsono နှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံ လွှတ်တော်ဆိုင်ရာကိစ္စများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။ ဆက်လက်၍ အစ္စရေးနိုင်ငံ သံအမတ်ကြီး  H.E. Mr. Hagay Moshe Behar နှင့်တွေ့ဆုံစဉ် မြန်မာ – အစ္စရေး သံတမန်ရေးရာနှင့် လွှတ်တော်ဆိုင်ရာကိစ္စ များအား ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။