Share this

နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုမြှင့်တင်နိုင်ရေး ဆွေးနွေး

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌအား အင်ဒိုနီးရှားနိုင်ငံ ဒေသဆိုင်ရာကိုယ်စားပြုကောင်စီအဖွဲ့ဝင် Andi Muhammad iqbal Parewangi ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် ၉း ၀၀ နာရီက အမျိုးသားလွှတ်တော် ရေးရာဆောင် (I-20) ၌ လာရောက်တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်သူတို့၏တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ တောင်သူလယ်သမားနှင်‌့ အလုပ်သမားအကျိုးစီးပွား မြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ အတွင်းရေးမှူးနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုမြှင့်တင်နိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။