Share this

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေးကျင်းပရန် ခေါ်ယူခြင်း

သတင်းနှင့် ပြန်ကြားရေး
အမိန့်ကြော်ငြာစာများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၅၅၊ ၂၀၁၂ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၅နှင့် ၂၀၁၅ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေများ၏ နည်းဥပဒေ၃၊ နည်းဥပဒေခွဲ(ခ)တို့အရ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို နေပြည်တော်၌ ၁၃၈၁ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက် (၂၀၁၉ခုနှစ်၊နိုဝင်ဘာလ၄ရက်) တနင်္လာနေ့၊ နံနက် (၁၀)နာရီအချိန်တွင်စတင်ကျင်းပရန်ခေါ်ယူကြောင်း ကြေညာအပ်ပါသည်။