Share this

ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီအား မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်မှ ရှင်းလင်းတင်ပြပွဲ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-14)အောက်ထပ်၌ ၁၈-၁၂-၂၀၁၈၊ (အင်္ဂါနေ့)၊ (၁၆၀၀)နာရီအချိန်တွင် ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာ ကော်မတီဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအား မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်(အဆိုပြု)မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ 

ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်(အဆိုပြု)မှ ဒုတိယဥက္ကဋ္ဌဦးဆောင်သည့် အလုပ်အမှုဆောင်အဖွဲ့များမှ မြန်မာ့ရေကူးလောကတိုးတက်ရေးနှင့် လက်ရှိရေကူးလောကတွင် ကြုံတွေ့နေရသော အခက်အခဲများ၊ မြန်မာ့အားကစား ကမ္ဘာ့အဆင့်မီစေရန် ကြိုတင်ပြင်ဆင်မှု၊ လွှတ်တော်၏ အခန်းကဏ္ဍမှ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ခြင်းအပေါ် ကော်မတီအဖွဲ့ဝင်များမှ သိရှိလိုသည်များမေးမြန်းခြင်း၊ အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။