Share this

ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီနှင့် Access to Health Fund Manager (UNOPS)မှ Mr Oren Ginzburg (Fund Director) ဦးဆောင်သောအဖွဲ့တို့သည် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေဖြင့် ပံ့ပိုးလုပ်ဆောင်သွားမည့် လုပ်ငန်းများ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီနှင့် Access to Health Fund Manager (UNOPS)မှ Mr. Oren Ginzburg (Fund Director) ဦးဆောင်သောအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို (၁၄.၈.၂၀၁၉)ရက်နေ့ ၁၂၃၀ နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-14)အောက်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် Access to Health Fund Manager (UNOPS)မှ Mr. Oren Ginzburg (Fund Director) ဦးဆောင်သောအဖွဲ့တို့သည် ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေဖြင့် ပံ့ပိုးလုပ်ဆောင်သွားမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့်  Access to Health Fund Manager (UNOPS)မှ Mr. Oren Ginzburg (Fund Director) ဦးဆောင်သောအဖွဲ့တို့ တက်ရောက်ပြီး အစည်းအဝေးကို ၀၃၄၅ နာရီတွင် ရုပ်သိမ်းပါသည်။