ဦးသိမ်းဆွေ

ဧရာဝတီတိုင်းဒေသကြီး
မဲဆန္ဒနယ် အမှတ်(၁၀)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

၁။ အကြိမ် - ဒုတိယအကြိမ်
၂။ အမည် - ဦးသိမ်းဆွေ
၃။ အခြားအမည်ရှိလျှင် - မင်းစိုး
၄။ လူမျိုး/ဘာသာ - ဗမာ/ဗုဒ္ဓဘာသာ
၅။ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် - ၁၄/ဖပန(နိုင်) ၀၀၃၇၆၁
၆။ မွေးသက္ကရာဇ် / အသက် - ၂၉-၀၉-၁၉၆၇ / (၅၁) နှစ်
၇။ မွေးဖွားရာဇာတိ - ဖျာပုံမြို့
၈။ ပညာအရည်အချင်း - B.Sc (Maths)
၉။ လက်ရှိအလုပ်အကိုင် - နိုင်ငံရေး
၁၀။ အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဦးမင်းဆွေ၊ ၁၄/ဖပန(နိုင်) ၀၀၃၇၅၈၊ (အငြိမ်းစား) အထက်တန်းပြ
၁၁။ အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဒေါ်စိန်တီ၊ ၁၄/ဖပန(နိုင်) ၀၀၇၀၇၅၊ (အငြိမ်းစား) အလယ်တန်းပြ
၁၂။ ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဒေါ်သင်းမိုးမိုးလွင်၊ ၁၂/ဥကတ(နိုင်) ၁၃၀၅၈၈၊ သပြေညို ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းကျောင်း
၁၃။ သား / သမီးအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - မောင်ဘုန်းမြတ်ဆွေ၊ ၁၃-၃-၂၀၁၄ ( ၁ နှစ်၊ ၉ လ)
၁၄။ အမြဲတမ်း နေရပ်လိပ်စာ - အမှတ်(၄၀)၊ ဒုတိယလမ်း၊ (၆)ရပ်ကွက်၊ ဖျာပုံမြို့၊ ဧရာဝတီတိုင်းဒေသကြီး
၁၅။ ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
၁၆။ ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် - မဲဆန္ဒနယ် အမှတ်(၁၀)
ကိုယ်ရေး အကျဉ်း: 

- ၁၉၇၂ မှ ၁၉၇၆ ထိ စံပြမူလတန်းကျောင်း၊ မြို့မမူလတန်းကျောင်း၊ ၁၉၇၇ မှ ၁၉၈၅ ထိ  အထက(၁)ဖျာပုံ၊ ၁၉၈၆ မှ ၁၉၉၃ ထိ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေနယ်နှင့် ပင်မ) တို့တွင် ပညာသင်ကြားခဲ့ပါသည်။

- ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်း(သင်တန်းဆရာ)၊ ဒေးဒရဲမြို့နယ်၊ လေးအိမ်တန်း တွဲဘက် အ.လ.က တွင် ရွာခန့်ဆရာ၊ ဘုန်းတော်ကြီးသင် သမိုင်းမြို့မကျောင်းတွင် အခမဲ့စာသင်ကြားပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

- ၁၉၈၉-၁၉၉၀ တွင် ဖျာပုံမြို့နယ်၊ လူဘောင်သစ် ဒီမိုကရက်တစ်ပါတီတွင် အတွင်းရေးမှူး၊ ၁၉၈၉-၁၉၉၂ အထိ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တွင် ဖျာပုံမြို့နယ်နှင့် ဖျာပုံခရိုင်တွင်လည်းကောင်း၊ ၁၉၉၅ မှ ယနေ့အချိန်                အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဧရာဝတီတိုင်း စည်းအဖွဲ့ဝင်၊ တိုင်းလူငယ် တာဝန်ခံ၊ ဗဟိုလူငယ်အထောက်အကူပြုအဖွဲ့ဝင်၊ ဗဟိုကော်မတီဝင်အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။

- ၁၉၈၉-၁၉၉၁ ထိ ရဲစခန်းအချုပ်၊ ပုဒ်မ ၅ (ည)၊ ၅(၁)(စ)(ဆ)၊ ခြေချုပ်(၂)နှစ်။

- ၁၉၉၁ တွင် အင်းစိန်သီးသန့်ထောင် ၅(ည)ဖြင့် ထောင်(၁၀)နှစ်။

- ၁၉၉၆ မှ ၁၉၉၉ အထိ ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်း ဥပဒေဖြင့် ဖျာပုံထောင် တွင် (၃)နှစ် (၉)လ၊ ၂၀၀၀-၂၀၀၁ တွင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်၌ အကျယ် ချုပ် (၁)လနှင့် အင်းစိန်ထောင်တွင် ပုဒ်မ ၅(ည)ဖြင့် အချုပ် (၄)လ။

- ၂၀၀၇-၂၀၁၁ ထိ ရွှေဝါရောင် သံဃာလှုပ်ရှားမှုဖြင့် (၆) နှစ်ခွဲ ကျခံခဲ့ရပြီး အင်းစိန် ထောင်နှင့် စစ်တွေထောင်တို့တွင် နေထိုင်ခဲ့ရပါသည်။

- ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ် စားပြု၍ ဧရာဝတီတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၁၀) တွင် ရွေးချယ်တင်မြှောက် ခံရပါသည်။

- ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)တွင် ထပ်မံ  ရွေးချယ်တင်မြှောက်ခံရပါသည်။

 

မှတ်ချက်

သတင်းများ