ဦးသန်းစိုး

ရန်ကုန်တိုင်းဒေသကြီး
မဲဆန္ဒနယ်အမှတ်(၄)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

၁။ အကြိမ် - ဒုတိယအကြိမ်
၂။ အမည် - ဦးသန်းစိုး
၃။ အခြားအမည်ရှိလျှင် - မရှိပါ
၄။ လူမျိုး/ဘာသာ - ဗမာ/ဗုဒ္ဓဘာသာ
၅။ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် - ၅/တမန(နိုင်)၀၀၀၄၈၅
၆။ မွေးသက္ကရာဇ် / အသက် - ၀၇-၀၂-၁၉၇၃ / (၄၅) နှစ်
၇။ မွေးဖွားရာဇာတိ - တမူးမြို့၊စစ်ကိုင်းတိုင်းဒေသကြီး
၈။ ပညာအရည်အချင်း - B.Eco (Economics)
၉။ လက်ရှိအလုပ်အကိုင် - စီးပွားရေးလေ့လာသုံးသပ်သူ၊ စာရေးဆရာအယ်ဒီတာ (The Vioce and Loving colour Media)
၁၀။ အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဦးခင်မောင်သန်း(ကွယ်လွန်)
၁၁။ အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဒေါ်စန်း၊ ၅/တမန(နိုင်)၀၂၄၆၈၇၊ မှီခို
၁၂။ ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဒေါ်နန်းစံဖုန်းမူ၊ ၁၃/လရန(နိုင်)၁၇၁၀၁၁၊ ကုန်သည်
၁၃။ သား / သမီးအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - မသံလွင်မိုးသိမ့်၊ ကျောင်းသူ
၁၄။ အမြဲတမ်း နေရပ်လိပ်စာ - တိုက်အမှတ်(၁၂)၊ ဒုတိယထပ်၊ အခန်း(ဘီ)၊ ဦးဖိုးမှန်လမ်း၊ (၁၆)ရပ်ကွက်၊ လှိုင်မြို့နယ်
၁၅။ ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
၁၆။ ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် - မဲဆန္ဒနယ်အမှတ်(၄)
ကိုယ်ရေး အကျဉ်း: 

အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ တမူးမြို့တွင် တက်ရောက်ခဲ့ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရွာသာကြီးတွင်(စီးပွားရေးဘွဲ့) ရရှိခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ်ဥပဒေဌာန (နိုင်ငံတကာဥပဒေဒီပလိုမာ၊ ပထမနှစ်) တက်ရောက်ခဲ့ပါသည်။

၁၉၉၄ – ၂၀၀၂ ကုလသမဂ္ဂပြန်ကြားရေးဌာန (UNDP Myanmar)၊ ၂၀၀၂ – ၂၀၀၅  ကုလသမဂ္ဂအဖွဲ့အစည်း(ရန်ကုန်)တွင်လည်းကောင်း၊ ၂၀၀၈ နာဂစ်ကယ်ဆယ်ရေးပြန်ကြားရေးအရာရှိ၊ လောကအလင်းလူမှုရေးအသင်းတွင်လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။ စီးပွားရေးသုတေသနများ၊ ဆောင်းပါး အကြံပြုစာတမ်းများ၊ ပရောဂျက်များ ရေးသားလျက်ရှိပြီး၊ ပြည်တွင်းအဖွဲ့အစည်းများ သက်ဆိုင်ရာဌာနများအတွက် အကြံပေးမှုများ ပြုလုပ်ခဲ့ပါသည်။ ယခုအခါ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပါသည်။ 

အတွင်းရေးမှူး၊ ဘောဂဗေဒကျောင်းသားများအသင်း (ရန်ကုန်စီးပွားရေးတက္ကသိုလ်)၊ ၂၀၀၂ ခုနှစ် စီးပွားရေးတက္ကသိုလ်ဘွဲ့ရများအသင်း၊ ပြန်ကြားရေးတာဝန်ခံ၊ မြန်မာနိုင်ငံဘောဂဗေဒဘွဲ့ရများအသင်းတွင် လက်ရှိဆောင်ရွက်လျက်ရှိပါသည်။

ပြည်တွင်းမီဒီယာများတွင် သန်းစိုး(ဘောဂဗေဒ)အမည်ဖြင့် ကော်လံစားစာရေးဆရာအဖြစ် ဆောင်းပါးသုံးသပ်ချက်များ ရေးသားလျက်ရှိပါသည်။ မြန်မာ့စီးပွားရေးသုံးသပ်ချက်များနှင့်ပတ်သက်ပြီး မကြာခဏ ဟောပြောပွဲများ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ဟောပြောပွဲများ အရပ်ဖက်အဖွဲ့အစည်းများအတွက် Resource Person အဖြစ်လည်းကောင်း၊ မီဒီယာများအတွက် သုံးသပ်ချက်များ ပြောကြားသူအဖြစ်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

 မှတ်ချက်