ဦးဝင်းမြင့်

မကွေးတိုင်းဒေသကြီး
မဲဆန္ဒနယ်အမှတ်(၈)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

၁။ အကြိမ် - ဒုတိယအကြိမ်
၂။ အမည် - ဦးဝင်းမြင့်
၃။ အခြားအမည်ရှိလျှင် - -
၄။ လူမျိုး/ဘာသာ - ဗမာ/ဗုဒ္ဓဘာသာ
၅။ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် - ၈/မထန(နိုင်)၀၀၂၇၄၇
၆။ မွေးသက္ကရာဇ် / အသက် - ၂၆-၁၀-၁၉၄၉ / (၆၉) နှစ်
၇။ မွေးဖွားရာဇာတိ - စက်ရုံရပ်ကွက်၊ အောင်လံမြို့
၈။ ပညာအရည်အချင်း -

  ဝိဇ္ဇာဘွဲ့၊ ပညာရေးဒီပလိုမာ

၉။ လက်ရှိအလုပ်အကိုင် - အထက်တန်းပြဆရာ(အငြိမ်းစား)
၁၀။ အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဦးအေး၊ ALN-၀၆၄၅၀၉(ကွယ်လွန်)
၁၁။ အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဒေါ်ကြင်အေး၊ ALN-၀၆၄၅၁၀(ကွယ်လွန်)
၁၂။ ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဒေါ်ကြူကြူ၊ ၈/မထန(နိုင်)၀၀၂၇၃၅၊ မှီခို
၁၃။ သား / သမီးအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - (၁) မောင်စည်သူဝင်း၊ ၈/မထန(နိုင်) ၀၀၂၇၄၈၊ တောင်သူ (၂) မောင်ဝဏ္ဏဝင်း၊ ၈/အလန(နိုင်) ၁၂၄၉၂၄၊ဆည်မြောင်းဌာန (၃) မောင်နန္ဒဝင်း၊ ၈/မထန(နိုင်) ၀၀၀၃၅၀၊ အရက်ချက်စက်ရုံ (၄) မောင်မောင်သူရဝင်း၊ ၈/ထလန(နိုင်) ၀၃၅၇၉၅၊ မှီခို (၅) မောင်အောင်အောင်ဇာနည်ဝင်း၊ ၈/ အလန(နိုင်)၁၁၈၃၄၂၊ မွေးမြူရေး (၆) မသိမ့်စုထွေး၈/အလန(နိုင်)၁၄၀၃၇၇ (၁၀)တန်း Guide
၁၄။ အမြဲတမ်း နေရပ်လိပ်စာ - ရွာမ(၉)လမ်း၊စက်ရုံရပ်ကွက်၊အောင်လံမြို
၁၅။ ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
၁၆။ ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် - မဲဆန္ဒနယ်အမှတ်(၈)
ကိုယ်ရေး အကျဉ်း: 

မူလတန်းကို အ.မ.က(၁)စက်ရုံ၊ အောင်လံတွင်လည်းကောင်း၊ အလယ်တန်းနှင့်အထက်တန်းကို အ.ထ.က (၁) အောင်လံတွင်လည်းကောင်း၊ ဆရာအတတ်သင်သိပ္ပံ(မန္တလေး)၊ ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် (ရန်ကုန်) နှင့် ပညာရေးတက္ကသိုလ်(ရန်ကုန်)တို့တွင်လည်းကောင်း ပညာသင်ကြားခဲ့ပါသည်။

အလယ်တန်းပြအဖြစ် အ.လ.က(ရွှေပန်းတော) အောင်လံမြို့၊ အလယ်တန်းပြအဖြစ် အ.လ.က(ရွာထောင်) အောင်လံမြို့၊ အထက်တန်းပြအဖြစ် အ.လ.က (ရွာထောင်)၊ အောင်လံမြို့၊ အလယ်တန်းကျောင်းအုပ် အ.လ.က (ရေမျက်နီ)၊ ထီးလင်းမြို့နယ်၊ အလယ်တန်းကျောင်းအုပ်အဖြစ် အ.လ.က(ရွာထောင်)၊ အောင်လံမြို့နှင့် အထက်တန်းပြအဖြစ် အ.ထ.က (ကျောက်ထု)၊ ဆောမြို့နယ်တို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စက်ရုံရပ်ကွက် လူငယ်အသင်းဘဏ္ဍာရေးမှူး (၁၉၈၈ ထိ)၊ စက်ရုံ ရပ်ကွက် နာရေးကူညီမှုအသင်း အတွင်းရေးမှူး(၁၉၈၈ ထိ)၊ ရှေ့ဦးကလေး သူငယ်စောင့်ရှောက်ရေး  ညှိနှိုင်းရေးမှူး၊ ပြည်ကြီးတံခွန်၊ မန္တလေး(၂၀၀၃ မှ ၂၀၀၅ ထိ ) ပါဝင်ဆောင်ရွက်ခဲ့သည်။

မှတ်ချက်