ဦးဝင်းမောင်

မကွေးတိုင်းဒေသကြီး
မဲဆန္ဒနယ်အမှတ်(၆)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

၁။ အကြိမ် - ဒုတိယအကြိမ်
၂။ အမည် - ဦးဝင်းမောင်
၃။ အခြားအမည်ရှိလျှင် - -
၄။ လူမျိုး/ဘာသာ - ဗမာ/ဗုဒ္ဓဘာသာ
၅။ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် - ၈/မဘန(နိုင်)၀၂၇၂၄၅
၆။ မွေးသက္ကရာဇ် / အသက် - ၂၉-၀၆-၁၉၅၀ / (၆၈) နှစ်
၇။ မွေးဖွားရာဇာတိ - စလင်းမြို့
၈။ ပညာအရည်အချင်း - B.A( Hist)၊(အထက်တန်းရှေ့နေ)
၉။ လက်ရှိအလုပ်အကိုင် - ပွဲရုံပိုင်ရှင်၊ ဇေကမ္ဘာပွဲရုံ၊ စလင်းမြို့
၁၀။ အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဦးဘစိန်(ကွယ်လွန်)
၁၁။ အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဒေါ်အေးရွှေ(ကွယ်လွန်)
၁၂။ ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဒေါ်ညိုညိုအေး၊ ၈/စလန(နိုင်)၀၀၄၄၃၇၊ ပညာရေး(ငြိမ်း)
၁၃။ သား / သမီးအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - (၁) ကိုဇေယျာ(ကွယ်လွန်)
၁၄။ အမြဲတမ်း နေရပ်လိပ်စာ - အမှတ်(၄၉)၊ ရေလည်ကျောင်းလမ်း၊ ပေါင်းပင်ဇင်းရပ်ကွက်၊ စလင်းမြို့
၁၅။ ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
၁၆။ ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် - မဲဆန္ဒနယ်အမှတ်(၆)
ကိုယ်ရေး အကျဉ်း: 

မူလတန်းကို စလင်း အ.မ.က နှင့် ပွင့်ဖြူ အ.မ.က တွင်လည်းကောင်း၊ အလယ်တန်းကို ပွင့်ဖြူ အ.ထ.က နှင့် မင်းဘူး အ.လ.က တွင်လည်းကောင်း၊ အထက်တန်းကို စလင်း အ.ထ.ကတွင် လည်းကောင်း ပညာသင်ကြားခဲ့ပြီး ဝိဇ္ဇာဘွဲ့(သမိုင်း)ကို ၊ မန္တလေးတက္ကသိုလ်မှ ရရှိခဲ့ပါသည်။

၁၉၇၃ မှ ၁၉၈၀ ထိ စာရေးဝန်ထမ်း အဆင့်(၁)ဖြင့် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ပေါက်ရင်းကုန်းကျေးရွာအုပ်စု၊ စလင်းမြို့နယ်တွင်လည်းကောင်း၊ ၁၉၈၁မှ ၁၉၈၅ထိ စာရေးဝန်ထမ်းအဆင့်(၁)ဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စလင်းမြို့တွင်လည်းကောင်း၊  ၁၉၈၆ မှ ၁၉၈၉ ထိ စာရေးဝန်ထမ်းအဆင့် (၂) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  စလင်းမြို့တွင်လည်းကောင်း၊ ၁၉၉၀ မှ ၁၉၉၁ ထိ စာရေးဝန်ထမ်းအဆင့်(၂)ဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စလင်းမြို့တွင်လည်းကောင်း၊ ၁၉၉၁ ဇွန်လ မှ ၁၉၉၂ မတ်လ ၁၂ ရက် ထိ စာရေးဝန်ထမ်းအဆင့်(၂)ဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စလင်းမြို့တွင်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၂ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် ဝန်ထမ်းများ ဖြည့်သွင်းရသော(၃၃)ချက်နှင့်ငြိစွန်း၍ ပင်စင်ပေးခံရသည်။ ၁၉၉၂ ဧပြီမှ ၁၉၉၅ ဒီဇင်ဘာလထိ ၊ မန်နေဂျာ၊ အောင်သီဟပဲသန့်စင်စက်၊ ရန်ကုန်တွင်  အလုပ်လုပ်ကိုင်ခဲ့သည်။ ၁၉၉၆ မှ ယနေ့အထိ စလင်းမြို့တွင် ပွဲရုံပိုင်ရှင်၊ ဇေကမ္ဘာပွဲရုံ လုပ်ငန်းလုပ်ကိုင်လျက်ရှိပါသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်တွင် ဝန်ထမ်းဖြစ်နေ၍ ပါတီဝင်ဖူးပါသည်။ စလင်းမြို့၊ တက္ကသိုလ်ပညာသင် ထောက်ပံ့ရေးကော်မတီဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ စလင်းမြို့၊ အ.ထ.က(ခွဲ)၌ ဂျပန်မှ လှူဒါန်းသော သုံးထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ရေးကော်မတီ၊ ဥက္ကဋ္ဌအဖြစ် လည်းကောင်း ၊ စလင်းမြို့၊ ကျန်းမာရေးအထောက်အကူပြုအသင်းနာယကအဖြစ်လည်းကောင်း၊ စလင်းမြို့၊ ပြည်သူ့ဆေးရုံဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်ဖြစ်လည်းကောင်း၊ စလင်းမြို့၊ ပေါင်းပင်ဇင်းရပ်၊ ကျန်းမာရေး စောင့်ရှောက်မှုအသင်း၊ နာယကအဖြစ်လည်းကောင်း ပါဝင်ဆောင်ရွက်ခဲ့သည်။

မှတ်ချက်