ဦးမောင်မောင်အုန်း

ဧရာဝတီတိုင်းဒေသကြီး
မဲဆန္ဒနယ်အမှတ်(၅)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

၁။ အကြိမ် - ဒုတိယအကြိမ်
၂။ အမည် - ဦးမောင်မောင်အုန်း
၃။ အခြားအမည်ရှိလျှင် - မရှိပါ
၄။ လူမျိုး/ဘာသာ - ဗမာ/ဗုဒ္ဓဘာသာ
၅။ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် - ၁၂/ဥကတ(နိုင်) ၁၃၃၂၅၆
၆။ မွေးသက္ကရာဇ် / အသက် - ၁၉-၀၅-၁၉၅၀ / (၆၈) နှစ်
၇။ မွေးဖွားရာဇာတိ - ဘွက်ကြီးရပ်ကွက်၊ သဲဖြူကျေးရွာအုပ်စု၊ မြန်အောင်မြို့နယ်
၈။ ပညာအရည်အချင်း - အင်ဂျင်နီယာဘွဲ့(သတ္တုတူးဖော်ရေး) B.E ( Mining)
၉။ လက်ရှိအလုပ်အကိုင် - အင်ဂျင်နီယာချုပ်(နိုင်ငံခြားသင်္ဘော)
၁၀။ အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဦးဘိုးဆောင်(ကွယ်လွန်)
၁၁။ အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဒေါ်မယ်ခ(ကွယ်လွန်)
၁၂။ ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဒေါ်သိင်္ဂီသိန်း၊ ၁၂/စခန(နိုင်) ၀၄၁၄၈၅၊ ကိုယ်ပိုင်စီးပွားရေး
၁၃။ သား / သမီးအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ( ၁ ) မောင်ရဲလင်းဟန်၊ ၁၂/သဃက(နိုင်) ၁၅၈၅၇၂ ၊ ကိုယ်ပိုင်စီးပွားရေး ( ၂ ) မောင်ဖြိုးမင်းခန့်၊ ၁၂/သဃက(နိုင်) ၁၅၈၅၇၃ ၊ ကိုယ်ပိုင်စီးပွားရေး
၁၄။ အမြဲတမ်း နေရပ်လိပ်စာ -

အမှတ်(၈၉)၊ ဇေယျသာရီလမ်း၊ အမှတ်(၆)ရပ်ကွက်၊ မြန်အောင်မြို့၊ ဧရာဝတီတိုင်းဒေသကြီး

၁၅။ ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
၁၆။ ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် - မဲဆန္ဒနယ်အမှတ်(၅)
ကိုယ်ရေး အကျဉ်း: 

အ.ထ.ကသဲဖြူရွာ၊ မြန်အောင်မြို့နယ် (၁၉၆၅-၁၉၆၆)၊ အ.လ.က နေခြည်ရပ်(၁၉၆၇)၊ အ.လ.က (သ‌ပြေကုန်း) (၁၉၆၈- ၁၉၇၀)၊ အ.ထ.က ထူးကြီး အင်္ဂပူမြို့နယ် (၁၉၇၁-၁၉၇၂)၊ ရန်ကုန်စက်မှုတက္ကသိုလ်(၁၉၇၃-၁၉၇၉)၊ မြန်မာ့အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာလေ့လာရေး မဟာဗျူဟာဌာန (MDRICSIS) နိုင်ငံရေးစီမံခန့်ခွဲမှု၊ ဘွဲ့လွန်ဒီပလိုမာအောင် (Post Graduate Diploma in Political Management)

သတ္တုတွင်း အင်ဂျင်နီယာအဆင့်(၃)ရာထူး၊ အမှတ်(၃) သတ္တု တူးဖော်ရေးကော်ပိုရေးရှင်း၊ သတ္တုတွင်းဝန်ကြီးဌာန၊ ၁၉၈၃ခုနှစ်မှ ယနေ့ အထိ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှခွင့်ပြုသော နိုင်ငံခြားသင်္ဘောများတွင် အငယ်တန်း အင်ဂျင်နီယာမှအင်ဂျင်နီယာချုပ်အဖြစ် နိုင်ငံခြားကုမ္ပဏီများတွင် တာဝန် ထမ်းဆောင်ခဲ့ပါသည်။  စင်္ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဆိုက်ကရက် ကျွန်းနိုင်ငံတို့ရှိကုမ္ပဏီတို့တွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ အင်ဂျင်နီယာညွှန်ကြားသူ (PechnicalSuperintendent) အဖြစ် စင်္ကာပူနိုင်ငံတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ဆိပ်ကမ်းအင်ဂျင်နီယာအဖြစ် ထိုင်းနိုင်ငံတွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

၂၀၁၂ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား မြန်အောင်မြို့နယ်မှ ပါတီဝင်အမှတ်၊ ၁၄/ ၁၈/ ၀၀၀၀၂၄ ဖြင့် မြို့နယ်ကိုယ်စားလှယ်အဖြစ် သဲဖြူကျေးရွာအုပ်စုမှ ပါဝင်ခဲ့ပါသည်။ စွမ်းရည်မြှင့်သင်တန်း (Capacity Building)ကို နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်မှုသင်တန်းကျောင်း (MDRICSIS) မြန်မာ့အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာလေ့လာရေးမဟာဗျူဟာဌာနတွင် PGDPM(PostGraduate Diploma in Political Management) အောင်ပြီးပါတီဝင်များအား ပို့ချသင်ကြားပေးခဲ့ပါသည်။ PDDA(Peace Development & Democracy Association) အသင်းအားငွေရေးကြေးရေး ပံ့ပိုးခဲ့သလို စွမ်းရည်မြှင့်သင်တန်းSocial Engagement အဖြစ် ပြည်သူ့ပညာပေးရေးသင်တန်းဆရာအဖြစ် တွံတေးမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ လှည်းကူးမြို့နယ်၊ သုဝဏ္ဏ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်စသည့်မြို့နယ်များတွင် ဟော‌ပြောသင်ကြားခဲ့ပါသည်။ ကျောင်းသားဘဝတွင် သ‌ြေပကုန်းအလယ်တန်း ကျောင်းကောင်စီ အတွင်းရေးမှူး၊ စက်မှုတက္ကသိုလ် ရှိစဉ့်ကူးဆောင်၊ ကြို့ကုန်းဆောင်များသာယာရေးကော်မတီအတွင်းရေးမှူး၊ သတ္တုတွင်းအင်ဂျင်နီယာအသင်းအတွင်းရေးမှူး၊ စက်မှုတက္ကသိုလ် အနုပညာအသင်းနှင့် အလေးမအသင်းအတွင်းရေးမှူးတာဝန်များ၊ ရေကြောင်းအင်ဂျင်နီယာ အသင်း၊ ရာသက်ပန်အသင်းဝင်နှင့် အလုပ်အမှုဆောင်၊ ရေကြောင်း အင်ဂျင်နီယာ သမဝါယမအသင်း၏အမှုဆောင်ဒါရိုက်တာ၊ ၁၉၇၉ ခုနှစ် အောင်စက်မှုတက္ကသိုလ်အင်ဂျင်နီယာအသင်း အတွင်းရေးမှူး၊ သ‌ပြေကုန်းတိုက်နယ် ရန်ကုန်အသင်းနာယက၊ မြန်အောင်မြို့နယ်အသင်း (ရန်ကုန်) ဒု-ဥက္ကဋ္ဌ၊ စွယ်တော်ရိပ်ဖောင်ဒေးရှင်း (စက်မှုတက္ကသိုလ်ဆရာ၊ ဆရာမများ စောင်‌့ရှောက်ရေးနှင့်အင်ဂျင်နီယာလူငယ်များထောက်ပံ့ရေး) ဒု-ဥက္ကဋ္ဌ၊ မရမ်းကုန်းမြို့ နယ် ၊ အမှတ်(၅)ရပ်ကွက်၊ ထေရဝါဒဗုဒ္ဓဘာသာကာကွယ် စောင့်ရှောက်ရေးအသင်း၏နာယက၊ လယ်တီမူအနာဂါမ်ဆရာ သက်ကြီးအဖွဲ့ချုပ်၊ သန်လျင်တရားစခန်းဒု-ဥက္ကဋ္ဌ၊ PDDA (Peace Development & Democracy Association ) အသင်းအမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

မှတ်ချက်