ဦးဘမျိုးသိန်း

ရန်ကုန်တိုင်းဒေသကြီး
မဲဆန္ဒနယ်အမှတ်(၅)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

၁။ အကြိမ် - ဒုတိယအကြိမ်
၂။ အမည် - ဦးဘမျိုးသိန်း
၃။ အခြားအမည်ရှိလျှင် - မရှိပါ
၄။ လူမျိုး/ဘာသာ - ဗမာ/ဗုဒ္ဓဘာသာ
၅။ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် - ၁၂/ဥကတ(နိုင်)၀၄၇၉၀၃
၆။ မွေးသက္ကရာဇ် / အသက် - ၀၅-၀၈-၁၉၅၄ / (၆၄) နှစ်
၇။ မွေးဖွားရာဇာတိ - ပြည်မြို့
၈။ ပညာအရည်အချင်း - B.Ag(၁၉၈၀)
၉။ လက်ရှိအလုပ်အကိုင် - မရှိပါ
၁၀။ အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဦးအောင်သိန်း(ကွယ်လွန်)
၁၁။ အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဒေါ်မြကြွယ်(ကွယ်လွန်)
၁၂။ ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - မရှိပါ
၁၃။ သား / သမီးအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - မရှိပါ
၁၄။ အမြဲတမ်း နေရပ်လိပ်စာ - အမှတ်(၁၂၆)၊ ၃လွှာ(အေ)၊ အောင်ဇေယျာလမ်း၊ လွတ်လပ်ရေးရပ်ကွက်၊ အလုံမြို့နယ်
၁၅။ ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
၁၆။ ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် - မဲဆန္ဒနယ်အမှတ်(၅)
ကိုယ်ရေး အကျဉ်း: 

အ.မ.က၊ အေဘီအမ်(ပြည်)၊ အ.မ.က ပန်းဘဲတန်း(ပြည်)၊ အ.ထ.က(၁)ပြည်၊ အ.ထ.က(၃)ပြည်(၁၉၇၄)၊ စိုက်ပျိုးရေးတက္ကသိုလ်(ရေဆင်း)တွင် (၁၉၈၀) ၌ စိုက်ပျိုးရေးဘွဲ့  ရရှိခဲ့ပါသည်။

၁၉၈၁ – ၁၉၉၀ ခုနှစ်တွင် လယ်-စိုက်-ရှင်း၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းရုံးချုပ်တွင်လည်းကောင်း၊ ၂၀၁၁- ၂၀၁၂ တွင် ရွှေသစ္စာသြဂဲနစ်မြေသြဇာလုပ်ငန်း (အချိန် ပိုင်း)တွင်လည်းကောင်း၊ ၂၀၁၃-၂၀၁၄ တွင် SAMURAI.com Co.,Ltd.(အချိန်ပိုင်း) ရန်ကုန်တို့တွင်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံတွင် ပါဝင်ခဲ့သည်။ ၁၉၈၉-၁၉၉၀ ခုနှစ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)ဖြင့် ဆက်သွယ်ဆောင်ရွက်ခဲ့သည်။ ခရိုင်ကော်မရှင်အဖွဲ့ဝင်အနောက်ပိုင်းခရိုင်၊ ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပါတီညီလာခံကျင်းပရေးကော်မရှင် ၂၀၁၂ ခုနှစ်။  မြို့နယ် ဒု-ဥက္ကဋ္ဌ၊ ဗဟန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရန်ကုန်၊ ခရိုင် ဥက္ကဋ္ဌ၊ အနောက်ပိုင်းခရိုင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရန်ကုန်၊     ၂၀၁၃-၂၀၁၅ ခုနှစ်။ အရံဗဟိုကော်မတီဝင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၀၁၃ ခုနှစ်။ ဗဟိုကော်မတီဝင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၀၁၅ ခုနှစ်။ ဗဟိုတောင်သူ လယ်သမားရေးကော်မတီဝင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၂၀၁၃ – ၂၀၁၅ ခုနှစ်။ အလုပ်အမှုဆောင်အဖွဲ့ဝင်၊ ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း၊ ရန်ကုန်မြို့တွင် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

တရားမဝင်အဖွဲ့အစည်းဆက်သွယ်မှုဖြင့် ၁၉၉၁ခုနှစ်တွင် ပုဒ်မ၅(ည)၊ ၁၇(၁)ဖြင့် ထောင်ဒဏ်(၇)နှစ်၊ အင်းစိန်ထောင်အတွင်း နိုင်ငံရေးလုပ်မှုဖြင့် ၁၉၉၆ ခုနှစ်တွင် ပုဒ်မ၅(င)၊ အသင်းအဖွဲ့(၆)ဖြင့်၊ ထောင်ဒဏ်(၁၂)နှစ်၊ စုစုပေါင်းထောင်ဒဏ်(၁၉)နှစ် ကျခံရသည်။ အင်းစိန်ထောင်နှင့် သရက်ထောင်တို့တွင် စုစုပေါင်းပြစ်ဒဏ်အပါအဝင် (၁၉)နှစ်နှင့် (၃)လချုပ်ရက်အပါအဝင် နေခဲ့ရသည်။

မှတ်ချက်

သတင်းများ