ဦးစခင်ဇော်လင်း

ဧရာဝတီတိုင်းဒေသကြီး
မဲဆန္ဒနယ်အမှတ်(၂)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

၁။ အကြိမ် - ဒုတိယအကြိမ်
၂။ အမည် - ဦးစခင်ဇော်လင်း
၃။ အခြားအမည်ရှိလျှင် - မရှိပါ
၄။ လူမျိုး/ဘာသာ - ကရင်/ဗုဒ္ဓဘာသာ
၅။ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် - ၁၄/အမန(နိုင်) ၀၁၀၅၂၃
၆။ မွေးသက္ကရာဇ် / အသက် - ၀၁-၁၀-၁၉၇၃ / (၄၅) နှစ်
၇။ မွေးဖွားရာဇာတိ - လက်ပံကုန်းကျေးရွာအုပ်စု၊ အနောက်စုကျေးရွာ၊ အိမ်မဲမြို့
၈။ ပညာအရည်အချင်း - Second Year (Maths),Third Year ( Environmental Science), SSOU,UK
၉။ လက်ရှိအလုပ်အကိုင် - အလွတ်အင်္ဂလိပ်စာသင်၊ အလွတ်ဘာသာပြန်
၁၀။ အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - မန်းဝင်းမောင်၊ ၁၄/အမန(နိုင်) ၀၇၅၅၉၅၊ လယ်ယာလုပ်ငန်း
၁၁။ အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဒေါ်ကြည်ကြည်ဌေး၊ ၁၄/အမန(နိုင်) ၀၇၆၂၂၄၊ လယ်ယာလုပ်ငန်း
၁၂။ ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - မရှိပါ
၁၃။ သား / သမီးအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - မရှိပါ
၁၄။ အမြဲတမ်း နေရပ်လိပ်စာ - လက်ပံကုန်းကျေးရွာအုပ်စု၊ အနောက်စုရွာ၊ အိမ်မဲမြို့နယ်
၁၅။ ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
၁၆။ ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် - မဲဆန္ဒနယ်အမှတ်(၂)
ကိုယ်ရေး အကျဉ်း: 

အ.ထ.က အိမ်မဲ၊ ပုသိမ်တက္ကသိုလ်၊ American Center၊ British  Council၊ SSOU/UK တို့တွင် တက်ရောက် ပညာသင်ကြားခဲ့ပါသည်။

လယ်ယာလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

နိုင်ငံရေးလှုပ်ရှားဆောင်ရွက်မှုများအဖြစ် (၁၉၉၀)ခုနှစ် ရွေးကောက်ပွဲတွင် လုပ်အားပေးတစ်ဦးအဖြစ်    ပါဝင် ကူညီခဲ့ပါသည်။ (၁၉၉၄)ခုနှစ်မှစ၍ ပုသိမ်တက္ကသိုလ်တွင်ကရင်စာပေ ယဉ်ကျေးမှုလုပ်ငန်း   စတင်ခဲ့သည်။    (၁၉၉၅)   ခုနှစ်တွင်    အိမ်မဲမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ခေါင်းဆောင်အဖြစ် လည်းကောင်း၊လူငယ်တာဝန်ခံအဖြစ်လည်းကောင်း စတင်နိုင်ငံရေးလှုပ်ရှား ဆောင်ရွက် ခဲ့ပါသည်။ (၁၉၉၅)ခုနှစ်နောက်ပိုင်းတွင်တက္ကသိုလ်မှ တရားဝင်နုတ်ထွက် ခဲ့သည်။ ထိုနှစ်မှစ၍ အိမ်မဲမြို့နယ် ကရင်စာပေယဉ်ကျေးမှုကော်မတီတွင် ဗဟိုကော်မတီဝင်အဖြစ် ကရင်တိုင်းရင်းသားရေးရာ ကိစ္စများကို ဆောင်ရွက်ခဲ့သည်။ တစ်ချိန်တည်းမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဆက်သွယ်ပြီး မြေအောက်ဆန်ဆန်နိုင်ငံရေးစတင်၍ ထိထိရောက်ရောက်လုပ်ဆောင်ခဲ့သည်။ ကရင်တိုင်းရင်းသားကျေးရွာများတွင် လူငယ်ဖွံ့ဖြိုးရေး သင်တန်းများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများလုပ်ဆောင် ခဲ့သည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများနှင့် မြန်မာနိုင်ငံဒေသတစ်ချို့တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သင်တန်းများသို့ သွားရောက်ပို့ချခဲ့ပါသည်။ ယခုအခါတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှပေးအပ်သောစိမ်းလန်းအမိ‌မြေအဖွဲ့နှင့်ပူးတွဲ၍လည်းကောင်း၊ မိမိကိုယ်ပိုင်အစီအစဉ်ဖြင့်လည်းကောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ဆောင်ခဲ့ပါသည်။ (၂၀၀၆) ခုနှစ်တွင် ဧရာဝတီတိုင်း လူငယ်ခေါင်းဆောင်ဖြစ် လာခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းလူငယ် အကူအညီပေးရေးတာဝန်ခံအဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်များ ထမ်းဆောင်ခဲ့ပါသည်။ (၁၉၉၇) ခုနှစ်တွင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုလူငယ်သုတေသနအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ (၂၀၁၁) ခုနှစ်တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အားပြန်လည်ထူထောင်ရာထူထောင်သူ(၂၁)ဦးအနက် တစ်ဦးပါဝင်ခဲ့သည်။ (၂၀၁၂) ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင်ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းအောင်နိုင်ရေး အဖွဲ့ဝင် အဖြစ်လည်းကောင်း၊ မြောင်းမြခရိုင် တာဝန်ခံအဖြစ် လည်းကောင်း၊ အဖွဲ့ချုပ် အောင်နိုင်ရေးတာဝန်များ ထမ်းဆောင်ခဲ့သည်။ ‌မြောင်းမြမဲဆန္ဒနယ် မြေပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း မန်းဂျော်နီ၏ ရွေးကောက်ပွဲကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီညီလာခံများ ပြန်လည်ကျင်းပရာတွင် ဧရာဝတီတိုင်းဒေသကြီး ညီလာခံကျင်းပရေးကော်မရှင်အဖွဲ့ဝင် အဖြစ် လည်းကောင်း၊ ‌မြောင်းမြခရိုင်တာဝန်ခံအဖြစ် လည်းကောင်းအဖွဲ့ချုပ် တာဝန်များထမ်းဆောင်ခဲ့ပါသည်။ ထိုနှစ်တွင် နိုင်ငံလုံးဆိုင်ရာပါတီ ညီလာခံတွင် ဗဟိုကော်မတီဝင်အဖြစ် ရွေးကောက်တင်‌မြှောက်ခြင်း ခံရပါသည်။ (၂၀၁၃)ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ် ညီလာခံကျင်းပရာတွင်  လူငယ်ညီလာခံ    ကြိုတင်ပြင်ဆင်ရေး ကော်မတီအဖွဲ့ဝင် အဖြစ်လည်းကောင်း၊ လူငယ်ညီလာခံ ကျင်းပရေးကော်မရှင် အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ အဖွဲ့ချုပ်လူငယ် တာဝန်များကို ထမ်းဆောင်ခဲ့သည်။

          (၂၀၁၄)ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာဝ  ပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ(ဗဟို)အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ခြင်းခံရပါသည်။ ယခုအခါ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီ(ဗဟို)၏ တာဝန်များကိုထမ်းဆောင်လျက်ရှိပါသည်။

          (၂၀၁၅)ခုနှစ် ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၂)တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့ပါသည်။

 မှတ်ချက်