ဦးကျော်သောင်း

စစ်ကိုင်းတိုင်းဒေသကြီး
မဲဆန္ဒနယ်အမှတ်(၁)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

၁။ အကြိမ် - ဒုတိယအကြိမ်
၂။ အမည် - ဦးကျော်သောင်း
၃။ အခြားအမည်ရှိလျှင် - -
၄။ လူမျိုး/ဘာသာ - ဗမာ/ဗုဒ္ဓဘာသာ
၅။ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် - ၅/စကန(နိုင်)၀၁၃၁၇၆
၆။ မွေးသက္ကရာဇ် / အသက် - ၀၉-၀၅-၁၉၄၉ / (၆၉) နှစ်
၇။ မွေးဖွားရာဇာတိ - စီတီးကျေးရွာ၊ စစ်ကိုင်းမြို့နယ်။
၈။ ပညာအရည်အချင်း - B.Sc (Chemistry)
၉။ လက်ရှိအလုပ်အကိုင် - Youth Computer Centre
၁၀။ အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဦးအေးဖေ၊ ကွယ်လွန်၊ တောင်သူ
၁၁။ အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဒေါ်ရွှေစိန်၊ ကွယ်လွန်၊ မှီခို
၁၂။ ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဒေါ်မေရီမြင့်၊ ၅/စကန(နိုင်) ၀၁၃၁၇၇၊ ကုန်သည်
၁၃။ သား / သမီးအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - (၁)မောင်ဇော်မင်းဦး(ခ)ကိုမိုးထက်၊ ၅/စကန(နိုင်)၁၅၁၄၈၇၊ Royal King ဓါတ်ပုံဗီဒီယိုလုပ်ငန်း။ (၂)မနေခြည်လင်း၊၅/စကန(နိုင်) ၁၅၅၇၂၃၊အထွေထွေမန်နေဂျာ၊ Rolashade Co.Ltd. (၃)မောင်မင်းကျော်စိုး၊၅/ စကန(နိုင်) ၁၇၈၈၄၇၊ For All Computer, မိတ္တူလုပ်ငန်း၊
၁၄။ အမြဲတမ်း နေရပ်လိပ်စာ - အပ်ချုပ်စုရပ်၊ စစ်ကိုင်းမြို့၊
၁၅။ ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
၁၆။ ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် - မဲဆန္ဒနယ်အမှတ်(၁)
ကိုယ်ရေး အကျဉ်း: 

မူလတန်း မှ အလယ်တန်းအထိကို ဆွမ်းချက် အလကတွင်လည်းကောင်း၊ (၉)တန်းကို ငြိမ်းကိုယ်ပိုင်အလွတ် ပညာသင်ကျောင်းတွင်လည်းကောင်း၊ (၁၀)တန်းကို အထက(၁)မုံရွာမြို့တွင်လည်းကောင်း၊ B.Sc  မန္တလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွင်လည်းကောင်း ပညာသင်ကြားခဲ့ပါသည်။

စစ်ကိုင်း အုန်းတောကားအသင်း ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ အောင်ကမ္ဘာကားအသင်း ယာယီအမှုဆောင်အဖြစ်လည်းကောင်း၊ မန္တလာဦး ကားအသင်း ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ရန်အောင်မန်းကားအသင်း အတွင်းရေးမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ စစ်ကိုင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် မြို့နယ်အလုပ်အမှုဆောင် အဖြစ်လည်းကောင်း၊ တိုင်းစည်းရုံးရေးအဖွဲ့တွင် အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။ တက္ကသိုလ်တွင် ဓါတုဗေဒအသင်း၏ အားကစားမှူးအဖြစ်လည်းကောင်း ရွှေပြည်ဧအဆောင် သာယာရေးကော်မတီတွင် စားသောက်ရေးမှူး၊ နတ်မောက်မြို့နယ်၊ ဒေးဒရဲမြို့နယ်၊ ဆွမ်းချက်- အလကတွင် အသုံးလုံး လုပ်အားပေးကျောင်းဆရာအဖြစ်လည်းကောင်း အပ်ချုပ်စုရပ် လူမှုရေးအသင်းတွင် နာယကအဖြစ်လည်းကောင်း၊ မိုးဇာရပ်တွင် ရပ်မိရပ်ဖ၊ စစ်ကိုင်းမြို့ မြို့မိမြို့ဖ အဖြစ်လည်းကောင်း ပါဝင် ဆောင်ရွက်ခဲ့သည်။

၁၉၉၆ ခုနှစ်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၇)နှစ်၊ ပုဒ်မ၅( ည)၊ နဝတ အမျိုးသားညီလာခံအပေါ် ဝေဖန်ချက် ဒီမိုကရေစီဆိတ်သုဉ်းခြင်း (သို့မဟုတ်) ညီမျှမှုမရှိခြင်း၊ သေနင်္ဂဗျူဟာ စီမံချက် အာဏာရှင်စနစ် မှ သည် ဒီမိုကရေစီစနစ်ဆီသို့ စာအုပ်များနှင့် ပတ်သက်၍ အပြစ်ပေးခြင်းခံရသည်။ ၂၀၀၃ ခုနှစ်တွင် ဒီပဲရင်းအရေးအခင်းနှင့်ပတ်သက်၍ မုံရွာထောင်တွင် ဒုတိယအကြိမ် ထိန်းသိမ်းခြင်းခံရသည်။

မှတ်ချက်