အောင်ကိုမင်း

၁။ အကြိမ် - ဒုတိယအကြိမ်
၂။ အမည် - ကြည်း ၃၄၀၄၂ ဗိုလ်မှူးအောင်ကိုမင်း
၃။ အခြားအမည်ရှိလျှင် - မရှိပါ
၄။ လူမျိုး/ဘာသာ - ဗမာ/ဗုဒ္ဓဘာသာ
၅။ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် - ၇/နတလ(နိုင်)၀၂၄၈၈၂
၆။ မွေးသက္ကရာဇ် / အသက် - ၁၈-၀၄-၁၉၈၀ / (၃၈) နှစ်
၇။ မွေးဖွားရာဇာတိ - နတ်တလင်းမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး
၈။ ပညာအရည်အချင်း - ဝိဇ္ဇာဘွဲ့(သမိုင်း)
၉။ လက်ရှိအလုပ်အကိုင် - စစ်မှုထမ်း၊ အမှတ်(၅၆၅) တပ်ထိန်းတပ်ခွဲ၊ မော်လမြိုင်
၁၀။ အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဦးကျော်ဝင်း၊ (ကွယ်လွန်)
၁၁။ အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဒေါ်လှမြင့်(ကွယ်လွန်)
၁၂။ ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဒေါ်သန္တာမြင့်၊ ၁၀/ရမန(နိုင်)၀၉၀၂၅၂ (မှီခို)
၁၃။ သား / သမီးအမည် / မှတ်ပုံတင်အမှတ် / လုပ်အကိုင် - (၁) မောင်အာကာချမ်းမြေ့၊ ကျောင်းသား (၂) မောင်ထက်ပိုင်စိုး(ရင်ခွင်ပိုက်)
၁၄။ အမြဲတမ်း နေရပ်လိပ်စာ - အမှတ်(၄၈)(အေ)၊ ရွှေဟင်္သာလမ်း၊ (၁၁)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီး
၁၅။ ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ - တပ်မတော်သားကိုယ်စားလှယ်
၁၆။ ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် -
ကိုယ်ရေး အကျဉ်း: 

 မြို့မ (အ.လ.က) နတ်တလင်းမြို့ (၁၉၈၅-၁၉၉၅ထိ) (အ.ထ.က) နတ်တလင်းမြို့ (၁၉၉၆ – ၁၉၉၇ ထိ)၊ လားရှိုးမြို့၊ ဒီဂရီကောလိပ်(၂၀၀၃ မှ ၂၀၀၄)အထိ၊ စစ်တွေတက္ကသိုလ်၊ ၂၀၀၅ ခုနှစ် ဝိဇ္ဇာဘွဲ့(သမိုင်း) ရရှိသည် အထိ ပညာသင်ကြားခဲ့ပါသည်။

          အလုပ်သင်ဗိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၈)၊ ပြင်ဦးလွင်၊ ဗထူး၁၉၉၈ မှ ၂၀၀၀ ထိ၊ အလုပ်သင်ဗိုလ် ခမရ(၃၈၆) နမ္မားမြို့၊ ၂၀၀၀ မှ ၂၀၀၁ ထိ၊ ဒုဗိုလ်မှ ဗိုလ် ခမရ(၅၀၆) နမ့်လန်မြို့၊ ၂၀၀၁ မှ ၂၀၀၄ ထိ ၊ ဗိုလ်မှ ဗိုလ်ကြီး တထခွဲ(၈၆၈)စစ်တွေမြို့၊ ၂၀၀၄ မှ ၂၀၀၈ ထိ၊ ဗိုလ်ကြီး တထခွဲ(၁)ရန်ကုန်မြို့၊ ၂၀၀၉ မှ ၂၀၁၀ ထိ၊ မှူး/ဗက၊ ဗိုလ်မှူး ခမရ(၅၃၆) ရသေ့တောင်မြို့၊ ၂၀၁၀ မှ ၂၀၁၂ ထိ၊ ဗိုလ်မှူး တထခွဲ(၁၂)နေပြည်တော်၊ ၂၀၁၂ မှ ၂၀၁၃ ထိ၊ ဗိုလ်မှူး တထခွဲ(၅၆၅) မော်လမြိုင်မြို့၊ ၂၀၁၃ မှ ယနေ့အထိ တာဝန်ထမ်းဆောင်လျက်ရှိပါသည်။