သိန်းဘိုဘိုထွေး


လွှတ်တော်ကိုယ်စားလှယ် ကိုယ်ရေးမှတ်တမ်းအကျဉ်းချုပ်


၁။ အကြိမ် - ဒုတိယအကြိမ်
၂။ အမည် - ကြည်း ၃၃၁၅၂ ဗိုလ်မှူး သိန်းဘိုဘိုထွေး
၃။ အခြားအမည်ရှိလျှင် - မရှိပါ
၄။ လူမျိုး/ဘာသာ - ရခိုင်/ဗုဒ္ဓဘာသာ
၅။ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် - ၁၁/စတန(နိုင်)၀၄၄၆၃၆
၆။ မွေးသက္ကရာဇ် / အသက် - ၂၈-၁၂-၁၉၇၉ / (၃၉) နှစ်
၇။ မွေးဖွားရာဇာတိ - ပုပ္ပါး၊ ကျောက်ပန်းတောင်းမြို့နယ်၊ မကွေးတိုင်းဒေသကြီး။
၈။ ပညာအရည်အချင်း - ဝိဇ္ဇာဘွဲ့(စစ်တက္ကသိုလ်)၊ မဟာဝိဇ္ဇာဘွဲ့ (မြန်မာစာ)
၉။ လက်ရှိအလုပ်အကိုင် - စစ်မှုထမ်း၊ တတက(၁၂)
၁၀။ အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဦးစိုးလွင်၊ ၁၁/စတန(နိုင်)၀၀၃၈၉၂၊ စစ်မှုထမ်း(ငြိမ်း)
၁၁။ အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဒေါ်စိန်ကျော့ဖြူ၊၁၁/စတန(နိုင်) ၀၀၄၀၃၅၊မှီခို
၁၂။ ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဒေါ်လှဖြူဖြူ၊ ၁၁/စတန(နိုင်) ၀၆၃၄၈၂၊ မှီခို
၁၃။ သား / သမီးအမည် / မှတ်ပုံတင်အမှတ် / လုပ်အကိုင် - (က)မောင်ကျော်မျိုးခန့်၊ကျောင်းသား ( ခ ) မောင်ညီညီလင်းသန့်၊
၁၄။ အမြဲတမ်း နေရပ်လိပ်စာ - အမှတ်(၁၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၊ ပလောက်မြို့၊ တနင်္သာရီတိုင်းဒေသကြီး
၁၅။ ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ - တပ်မတော်သားကိုယ်စားလှယ်
၁၆။ ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် -
ကိုယ်ရေး အကျဉ်း: 

 ငယ်စဉ်က အခြေခံပညာကို သက္ကေပြင်ကျောင်း၊ တပ်ရင်း မူလတန်း ကျောင်း၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၊ စစ်တွေမြို့တို့ တွင် သင်ကြားခဲ့သည်။ ပြင်ဦးလွင် စစ်တက္ကသိုလ် အမှတ်စဉ်(၄၃) ဗိုလ်လောင်း သင်တန်းသို့ တက်ခဲ့ပြီး၊ ဝိဇ္ဇာဘွဲ့နှင့် မဟာဝိဇ္ဇာဘွဲ့ (မြန်မာစာ)တို့ကို ရရှိခဲ့သည်။

           ဒုတိယဗိုလ်မှ ဗိုလ်အဆင့်အထိ ခလရ(၂၂၅)မိုင်းတုံတွင် တပ်စုမှူးအဖြစ် လည်းကောင်း၊ ဗိုလ်မှ ဗိုလ်ကြီးအဆင့်အထိ ခမရ(၅၄၄)တောင်ကုတ်တွင် တပ်ခွဲမှူးအဖြစ်လည်းကောင်း၊ ဗိုလ်ကြီးအဆင့်ဖြင့် စကခ(၅)တောင်ကုတ် စစ်ထောက်ဌာနတွင် လည်းကောင်း၊ လက်ထောက်ကထိက ဗိုလ်ကြီး အဖြစ် တပ်မတော်ဆေးတက္ကသိုလ် (မြန်မာစာဌာန)တွင် လည်းကောင်း၊ ယာယီ တပ်ခွဲမှူး၊ (ဗိုလ်မှူး) အဆင့်ဖြင့် ခလရ(၅၂)ခန္တီး၊ တတက(၁၂)ပလောက် တွင် ဌာနချုပ်တပ်ခွဲမှူး အဖြစ်လည်းကောင်း တာဝန်မျာအဆင့်ဆင့် ထမ်းဆောင်ခဲ့သည်။ စစ်သည် ခွင့်မဲ့ပျက်ကွက်မှုတွင် အထိုက်အလျောက် တာဝန် ရှိမှုဖြင့် ပျက်မှုရှိခဲ့ပါသည်။ နိုင်ငံတော်မှ ချီးမြှင့်သော နိုင်ငံတော်စစ်မှုထမ်းသက်တံဆိပ်၊ ပြည်သူ့ စစ်တိုက်ပွဲဝင်တံဆိပ်၊ စစ်မှုထမ်းတံဆိပ်၊ ခြေလျင် တပ်စုမှူး သင်တန်းတံဆိပ် နှင့် ခြေလျင်တပ်ခွဲမှူးသင်တန်းတံဆိပ်တို့ ရရှိခဲ့သည်။