လှဝင်းအောင်

၁။ အကြိမ် - ဒုတိယအကြိမ်
၂။ အမည် - ကြည်း ၁၉၇၂၇ ဗိုလ်မှူးကြီး လှဝင်းအောင်
၃။ အခြားအမည်ရှိလျှင် - အောင်မျိုးကြည်
၄။ လူမျိုး/ဘာသာ - ဗမာ/ဗုဒ္ဓဘာသာ
၅။ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် - ၁/မကတ(နိုင်)၀၇၁၇၄၅
၆။ မွေးသက္ကရာဇ် / အသက် - ၁၀-၁၁-၁၉၆၃ / (၅၅) နှစ်
၇။ မွေးဖွားရာဇာတိ - မုံရွာမြို့
၈။ ပညာအရည်အချင်း - ဝိဇ္ဇာဘွဲ့(ပထဝီဝင်)၊ မဟာဝိဇ္ဇာဘွဲ့(ကာကွယ်ရေး)
၉။ လက်ရှိအလုပ်အကိုင် - ခြေလျင်နည်းပြ(ဗိုလ်မှူးကြီး)၊ စစ်ဦးစီးတက္ကသိုလ်
၁၀။ အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဦးခင်မောင်ကြည်(ကွယ်လွန်)
၁၁။ အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဒေါ်ခင်ညွန့်(ကွယ်လွန်)
၁၂။ ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဒေါက်တာခင်မြင့်အေး၊ ၈/ရစက(နိုင်)၁၅၆၂၅၉၊ တာဝန်ခံဆရာဝန်၊ လူမှုဖူလုံရေးဆေးခန်း၊ ပျဉ်းမနားမြို့နယ်။
၁၃။ သား / သမီးအမည် / မှတ်ပုံတင်အမှတ် / လုပ်အကိုင် - မရှိပါ။
၁၄။ အမြဲတမ်း နေရပ်လိပ်စာ - အမှတ်(၃၀၆၉)၊ ခတ္တာ(၃)လမ်းနှင့် တောင်ကြီးလမ်းဒေါင့်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။
၁၅။ ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ - တပ်မတော်သားကိုယ်စားလှယ်
၁၆။ ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် -

ကိုယ်ရေး အကျဉ်း: 

၁၉၇၀ ပြည့်နှစ် မှ ၁၉၈၀ ပြည့်နှစ်အထိ အထက(၁)၊ မုံရွာမြို့၊ (ဒသမတန်းအထိ)၊ ၁၉၈၁ မှ ၁၉၈၂၊ ၁၉၈၃ မှ ၁၉၈၅ ထိ မန္တလေးတက္ကသိုလ်၊ ၁၉၈၄ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့(ပထဝီဝင်) ရရှိခဲ့ပြီး၊ ၁၉၈၅ ခုနှစ်တွင် မဟာဝိဇ္ဇာ ပထဝီဝင် ဂုဏ်ထူးတန်းတက်ရောက်ခဲ့ပြီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၇၁)၊ မှော်ဘီမြို့တွင် တက်ရောက်ခဲ့သည်။

          ၁၉၈၆ ခုနှစ် ဇွန်လတွင် ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခံရပြီးနောက် ခလရ(၆၈) လားရှိုးတွင်(၁၉၈၆ မှ ၁၉၉၀ ထိ)၊ ခလရ(၉၁) (၁၉၉၀မှ ၁၉၉၁ထိ)၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် (၁၉၉၁ မှ ၁၉၉၆ ထိ) ဦးစီးအရာရှိ (တတိယတန်း)၊ ခမရ(၃၈၁) မိုးကောင်းတွင် တပ်ခွဲမှူး(ဗိုလ်မှူး) (၁၉၉၆ မှ ၁၉၉၈ ထိ) စကခ(၇)ဖယ်ခုံတွင် စစ်ဦးစီး(ဒု)၊ ကကပြည် စစ်ဦးစီး(ဒု)၊ (၁၉၉၈ မှ ၂၀၀၀) ပြည့်နှစ်ထိ) ခလရ(၂၅၈)တွင် ဒုတပ်ရင်းမှူး(၂၀၀၁မှ၂၀၀၃ထိ) ခမရ(၅၇၅)တွင် တပ်ရင်းမှူး(၂၀၀၃မှ၂၀၀၆ထိ)၊ စစ်ဦးစီးမှူး(ပထမတန်း)၊ ကျိုင်းတုံတွင် (၂၀၀၆မှ ၂၀၀၉ထိ)၊ ကကကြည်း(သုတေသန)တွင် စစ်ဦးစီး (ဗိုလ်မှူးကြီး)၊ (၂၀၀၉ မှ ၂၀၁၂ ထိ )၊ ခြေလျင်နည်းပြ(ဗိုလ်မှူးကြီး) စစ်ဦးစီးတက္ကသိုလ်တွင် (၂၀၁၂ မှ ယနေ့ထိ) ဌာနများ ပြောင်းရွှေ့ တာဝန်ထမ်းဆောင် ခဲ့ပြီး စစ်မှုထမ်းကောင်းတံဆိပ် ချီးမြှင့်ခြင်းခံခဲ့ရပါသည်။

          ကျောင်းသားဘဝတွင်မြို့နယ်အဆင့်လူမှုရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဝင်အဖြစ် ဆောင်ရွက်ခဲ့ပါသည်။