ဒေါ်အုန်းကြည်

မန္တလေးတိုင်းဒေသကြီး
မဲဆန္ဒနယ်အမှတ်(၄)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

၁။ အကြိမ် - ဒုတိယအကြိမ်
၂။ အမည် - ဒေါ်အုန်းကြည်
၃။ အခြားအမည်ရှိလျှင် - ဒေါ်လှဌေး
၄။ လူမျိုး/ဘာသာ - ဗမာ/ဗုဒ္ဓဘာသာ
၅။ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် - ၉/မသန(နိုင်)၀၀၉၀၅၂
၆။ မွေးသက္ကရာဇ် / အသက် - ၂၅-၀၂-၁၉၅၂ / (၆၆) နှစ်
၇။ မွေးဖွားရာဇာတိ - ကန္နားကျေးရွာ၊ နွားထိုးကြီးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး
၈။ ပညာအရည်အချင်း - B.Sc(Chemistry)HGP
၉။ လက်ရှိအလုပ်အကိုင် - ရှေ့နေ(စဉ်-၆၇၆၄)
၁၀။ အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဦးပု(ကွယ်လွန်)
၁၁။ အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဒေါ်သန်းတင်(ကွယ်လွန်)
၁၂။ ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဦးညွန့်တင်၊ ၉/မသန(နိုင်) ၀၀၉၁၈၄၊ တောင်သူ
၁၃။ သား / သမီးအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - (၁) ဦးမျိုးထက်ဇော်၊ ၉/မသန(နိုင်) ၀၈၁၉၇၂၊ အကြီးတန်းအင်ဂျင်နီယာ (၂) ဦးနေမျိုးဇော်(ကွယ်လွန်)
၁၄။ အမြဲတမ်း နေရပ်လိပ်စာ - အမှတ်(၃၅၃)၊ ဘူတာရပ်ကွက်၊ မြစ်သားမြို့
၁၅။ ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
၁၆။ ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် - မဲဆန္ဒနယ်အမှတ်(၄)
ကိုယ်ရေး အကျဉ်း: 

(၁၉၅၉ မှ ၁၉၆၂) အ.မ.က-စံပြ၊ မြစ်သားမြို့၊ သူငယ်တန်းမှစတုတ္ထတန်းထိ၊ (၁၉၆၂-၁၉၆၉) အ.ထ.က၊ မြစ်သားမြို့၊ ပဉ္စမတန်းမှ ဒဿမတန်းထိ၊ (၁၉၆၉-၁၉၇၁) တောင်ကြီးကောလိပ်၊ ပထမနှစ်, ဒုတိယနှစ်(ဓါတုဗေဒ) ၊(၁၉၇၁-၁၉၇၃) မန္တလေးတက္ကသိုလ်၊ စတုတ္ထနှစ်(ဓါတုဗေဒ)သိပ္ပံဘွဲ့ ၊ (၁၉၈၀) အထက်တန်းရှေ့နေ (HGP) တို့တွင်  ပညာသင်ကြားခဲ့ပါသည်။

စာရေးဝန်ထမ်း၊ မြို့နယ်တရားရေးဦးစီးဌာန၊ မြစ်သားမြို့(၁၉၇၄-၁၉၈၂)၊ အထက်တန်းရှေ့နေ (၁၉၈၂-၁၉၉၀)၊ လယ်ယာလုပ်ငန်း (၁၉၈၀- ၂၀၁၂)၊ အထက်တန်းရှေ့နေ (၂၀၁၃-၂၀၁၅)  အဖြစ်တာဝန်  ထမ်းဆောင်ခဲ့ပါသည်။  

မြစ်သားမြို့နယ်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်အဖြစ်လည်းကောင်း၊ ၁၉၈၀ မှ ၁၉၉၀ထိ ရပ်ရေးရွာရေးလူမှုရေးလုပ်ငန်းများ၊မြစ်သားမြို့နယ်၊ တောင်သူများ လယ်ယာမြေသိမ်းဆည်းခံရမှုများ(၂၀၁၃) ကူညီခြင်း၊ ၂၀၁၄ ခုနှစ် တရားစွဲဆိုခံရသော မြနဒီကျေးရွာတောင်သူများ၏ အမှုကို အခမဲ့လိုက်ပါဆောင်ရွက်ခြင်း၊ မိတ္ထီလာမီးဘေးသင့်ပြည်သူများ၊ စဉ့်ကိုင်မြို့နယ်မှ ရေဘေးသင့်ပြည်သူများ(၂၀၁၅)ခုနှစ်တွင် ဖြစ်ခဲ့သော ရေဘေးသင့်ပြည်သူများ၊ စဉ့်ကိုင်မြို့နယ်၊ နန်းနီကျေးရွာမှ မီးဘေးသင့်ပြည်သူများအား အဖွဲချုပ်အဖွဲ့ဝင်များ၊ ပြည်သူများနှင့်ပူးပေါင်းကူညီ ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ပါသည်။

၁၅-၁၀-၁၉၈၈တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ စတင်ဝင်ရောက်ခဲ့ပါသည်။ ၁၉၈၉ မှ ၁၉၉၆ ထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးအဖွဲ့ အတွင်းရေးမှူးအဖြစ် မြစ်သားမြို့နယ်တွင်လည်းကောင်း၊ ၁၉၉၀ တွင် အမှတ်(၁)မဲဆန္ဒနယ်၊ မြစ်သားမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ ၁၉၉၇ မှ ၂၀၁၁ ထိတွင် NLD စည်းရုံးရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် မြစ်သားမြို့နယ်တွင်လည်းကောင်း၊ ၁၉၉၉ တွင် NLD မန္တလေးတိုင်း ဥပဒေအထောက်အကူပြု အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၂၀၀၉ မှ ၂၀၁၀ထိ တွင် ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ပါတီတည်ထောင်သူ (၂၁)ဦးအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၂၀၁၂တွင် မန္တလေးတိုင်းရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်၊ မန္တလေးတိုင်း ညီလာခံကျင်းပရေးကော်မရှင်အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ဗဟိုကော်မတီဝင်(အရန်)အဖြစ်လည်းကောင်း၊ ဥက္ကဋ္ဌ၊ မြို့နယ်အလုပ်မှုဆောင်အဖွဲ့ NLD ၊ ဥက္ကဋ္ဌ၊ လူမှုအထောက်အကူပြုအဖွဲ့ NLD၊ မြို့သားမြို့တွင်လည်းကောင်း၊ ဥပဒေအကြံပေး မြို့နယ်သူလယ်သမားရေးရာအဖွဲ့ မြစ်သားမြို့၊ ခရိုင်ဥပဒေအထောက်အကူပြုအဖွဲ့ဝင်၊ NLD ကျောက်ဆည်ခရိုင်တို့တွင် ပါဝင်ဆောင်ရွက်ခဲ့သည်။

 ၂၉ – ၉ – ၁၉၉၀ တွင် အမရပူရ(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဘဘွား နေအိမ်တွင်ပြုလုပ်သော လျှို့ဝှက်အစည်းအဝေးသို့ တက်ရောက်ခဲ့၍ ရန်ကုန်တိုင်းစစ်ခုံရုံးမှ (၃၀ – ၄ – ၁၉၉၁)တွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ- ၁၂၂(၁)(ခ)အရ ထောင်ဒဏ်(၂၅)နှစ် ချမှတ်ခံခဲ့ရပါသည်။ (၄-၂-၁၉၉၂)တွင် ကြေညာချက်အမှတ်၅/၉၂အရ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ပါသည်။

မှတ်ချက်