ဒေါ်သန်းသန်းအေး

မကွေးတိုင်းဒေသကြီး
မဲဆန္ဒနယ်အမှတ်(၇)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

၁။ အကြိမ် - ဒုတိယအကြိမ်
၂။ အမည် - ဒေါ်သန်းသန်းအေး
၃။ အခြားအမည်ရှိလျှင် - -
၄။ လူမျိုး/ဘာသာ - ဗမာ/ဗုဒ္ဓဘာသာ
၅။ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် - ၈/မလန(နိုင်)၀၁၇၅၀၄
၆။ မွေးသက္ကရာဇ် / အသက် - ၀၉-၀၈-၁၉၆၁ / (၅၇) နှစ်
၇။ မွေးဖွားရာဇာတိ - လက်ပံတံခါးရွာ၊ မင်းလှမြို့နယ်
၈။ ပညာအရည်အချင်း - B.A(His),Q
၉။ လက်ရှိအလုပ်အကိုင် - ပညာရေးဌာန(ငြိမ်း)
၁၀။ အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် -

ဦးထွန်းမြင့်၊ /မလန(နိုင်)၀၁၇၄၇၆၊ တောင်သူ

၁၁။ အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဒေါ်စောကြည်၊ ၈/မလန(နိုင်)၀၁၇၄၇၅၊ မှီခို
၁၂။ ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဦးလှမြင့်၊ ၈/ငဖန(နိုင်)၀၀၂၂၇၆၊ ပညာရေး(ငြိမ်း)
၁၃။ သား / သမီးအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - (၁) မသဲစုမွန်မွန်ဦး၊ ၈/မလန(နိုင်) ၀၇၅၂၀၀၊ မှီခို (၂) မချောစုမွန်မွန်ဦး၊ ၈/မလန(နိုင်) ၀၈၆၅၅၉၊ အစားအသောက်နှင်‌့ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ရန်ကုန်ရုံးခွဲ (Technician)
၁၄။ အမြဲတမ်း နေရပ်လိပ်စာ - လက်ပံတံခါးရွာ၊ မင်းလှမြို့နယ်၊ မကွေးတိုင်းဒေသကြီး
၁၅။ ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
၁၆။ ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် - မဲဆန္ဒနယ်အမှတ်(၇)

 

ကိုယ်ရေး အကျဉ်း: 

၁၉၆၇ ခုနှစ်မှ ၁၉၇၂ ခုနှစ်ထိ အ.မ.က လက်ပံတံခါးတွင် စတုတ္ထတန်းအထိလည်းကောင်း၊ ၁၉၇၄ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ အ.လ.က တွဲဖက် လက်ပံတံခါးတွင် အဋ္ဌမတန်းအထိ လည်းကောင်း၊  ၁၉၇၉   ခုနှစ်မှ   ၁၉၈၁ ခုနှစ်ထိ အ.ထ.က မင်းလှ၌ နဝမတန်းနှင့်ဒသမတန်းကို ပညာသင်ကြားပြီး၊ ၁၉၈၃ ခုနှစ်တွင် အ.ထ.က စကု၌ ဒသမတန်း အောင်မြင်ခဲ့၍ ၁၉၉၁ ခုနှစ်တွင် မကွေးတက္ကသိုလ်မှ B.A(His),Q ဘွဲ့ရရှိခဲ့ပါသည်။

၁၉၈၃ ခုနှစ်မှ ၁၉၈၅ ခုနှစ်ထိ အ.မ.က  မဒိုင်း မင်းလှမြို့နယ်တွင် မူလတန်းပြအဖြစ်လည်းကောင်း၊ ၁၉၈၅ ခုနှစ်မှ ၁၉၈၇ ခုနှစ်ထိ အ.မ.က ကန်နီတွင် တာဝန်ခံမူအုပ်အဖြစ်လည်းကောင်း၊ ၁၉၈၇ ခုနှစ်မှ ၁၉၉၀ ခုနှစ်ထိ အ.ထ.က(ခွဲ) လက်ပံတံခါးတွင် မူလတန်းပြအဖြစ်လည်းကောင်း၊ ၁၉၉၁ ခုနှစ်မှ ၂၀၀၅-၂၀၀၆ ခုနှစ်ထိ အလယ်တန်းပြရာထူးအဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့ပါသည်။

၁၉၉၄ ခုနှစ်မှ ၁၉၉၅ ခုနှစ်ထိ ကြက်ခြေနီအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၁၉၉၅ ခုနှစ်မှ ၁၉၉၆ ခုနှစ်ထိ ကျန်းမာရေးသားဆက်ခြားလုပ်ငန်း ရပ်/ ကျေးနယ် သင်တန်းပို့ချခြင်းကိုလည်းကောင်း၊ ၁၉၉၅ ခုနှစ်မှ ၂၀၀၅ ခုနှစ်ထိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၁၉၉၇ ခုနှစ်တွင် ဗဟိုဝန်ထမ်းတက္ကသိုလ် ဖောင်ကြီး၌ သင်တန်းတက်ရောက်ခဲ့ပါသည်။ ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ခုနှစ်ထိ ရပ်/ကျေးဖွံ့ဖြိုးရေး၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ၅-၁၀-၂၀၁၂ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့သို့ ဝင်ရောက်၍ ယနေ့အထိ ပေးအပ်သည့်တာဝန်များ ထမ်းဆောင်ခဲ့ပါသည်။

မှတ်ချက်