ဒေါက်တာမြတ်ဉာဏစိုး

ရန်ကုန်တိုင်းဒေသကြီး
မဲဆန္ဒနယ်အမှတ်(၃)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

၁။ အကြိမ် - ဒုတိယအကြိမ်
၂။ အမည် - ဒေါက်တာမြတ်ဉာဏစိုး
၃။ အခြားအမည်ရှိလျှင် - မရှိပါ
၄။ လူမျိုး/ဘာသာ - ဗမာ/ဗုဒ္ဓဘာသာ
၅။ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် - ၁၂/ကတတ(နိုင်)၀၀၀၈၇၀
၆။ မွေးသက္ကရာဇ် / အသက် - ၂၂-၁၀-၁၉၇၄ / (၄၄) နှစ်
၇။ မွေးဖွားရာဇာတိ - ရန်ကုန်မြို့၊မင်္ဂလာဒုံ
၈။ ပညာအရည်အချင်း - B.D.S,F.IC.C.D.E,Cert.in International Legislative Drafting (Tulane University of Law) U.S.A
၉။ လက်ရှိအလုပ်အကိုင် - အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ အထူးကုဆရာဝန်
၁၀။ အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဦးမြင့်စိုး၊ ၁၂/ဗဟန(နိုင်)၀၀၈၅၅၉၊ ဦးဆောင်ညွှန်ကြားရေးမှူး(ငြိမ်း) ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း၊
၁၁။ အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဒေါ်မေမေစန်း၊ ၁၂/ကတတ(နိုင်) ၀၁၂၂၉၃၊ ခရိုင်အားကစားမှူး(ငြိမ်း)
၁၂။ ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဒေါက်တာဝတ်မှုံ၊ ၁၀/ကထန(နိုင်)၀၀၀၃၆၆ ကထိက/အထူးကုဆရာဝန်ကြီး(ငြိမ်း) ဆေးဝါး‌ဗေဒဌာန၊ ဆေးတက္ကသိုလ်၊ မန္တလေး။
၁၃။ သား / သမီးအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - မောင်မြတ်ဉာဏ်စင်စိုး၊ ကျောင်းသား
၁၄။ အမြဲတမ်း နေရပ်လိပ်စာ - အမှတ်(၄၉၉/၅၀၀)၊၅(က)၊ ခေမာသီရိလမ်းမေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့
၁၅။ ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
၁၆။ ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် - မဲဆန္ဒနယ်အမှတ်(၃)
ကိုယ်ရေး အကျဉ်း: 

ငယ်စဉ်က အခြေခံပညာကို အ.ထ.က(၆)ဗိုလ်တထောင်၊ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်းနှင့် အ.ထ.က(၅)ဗိုလ်တထောင်တို့တွင် တက်ရောက် သင်ကြားခဲ့ပါသည်။ ထို့နောက် ရန်ကုန်သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ ဆေးပညာဘွဲ့ရရှိခဲ့သည်။ စင်ကာပူနိုင်ငံ International College of Dentistry မှ F.I.C.C.D.E  ဘွဲ့လွန်ရရှိခဲ့သည်။ အမေရိကန်နိုင်ငံ Louisiana ပြည်နယ် New Orleans မြို့ Tulane University of law မှ  Cert.inInternational Legislative Drafting ဘွဲ့လွန် ရရှိခဲ့ပါသည်။ ၂၀၀၁ ခုနှစ်တွင် ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)တွင် သင်တန်းသားစံပြထူးချွန်ဆု ရရှိခဲ့ပါသည်။ ၂၀၀၃ ခုနှစ် အိန္ဒိယနိုင်ငံ၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပညာတော်သင်အဖြစ် တက်ရောက်ခဲ့စဉ် အကောင်းဆုံးသင်တန်းသားဆု (Best Fellow Award ) ကို ရရှိခဲ့သည်။

လက်ထောက်ဆရာဝန်အဖြစ် ကျန်းမာရေးဝန်ကြီးဌာနတွင်လည်းကောင်း၊ ဌာနစုမှူး(နိုင်ငံခြားဆက်သွယ်ရေး)အဖြစ် ဆေးသိပ္ပံဦးစီးဌာန၌လည်းကောင်း၊ သင်ကြားရေးဆရာဝန်အဖြစ်လည်းကောင်း၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၌လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၂၀၁၀ ခုနှစ်တွင် ပါတီနိုင်ငံရေး ဆောင်ရွက်ရန်အတွက် ၂၄.၆.၂၀၁၀တွင် ဝန်ထမ်းအဖြစ်မှ နှုတ်ထွက်ခဲ့ပါသည်။ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၏ စာပေအနုပညာနှင့်ယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူး၊ မြန်မာနိုင်ငံသွားဘက်ဆိုင်ရာဆရာဝန်အသင်း၊ ရန်ကုန်တိုင်းဒေသကြီးအလုပ်အမှုဆောင်၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်၊ အဖွဲ့ချုပ်ဆေးမှူးနှင့် အလုပ်အမှုဆောင်၊ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့တို့အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။

၁၉၈၇ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် စာပေလုပ်သားမဂ္ဂဇင်းပါ “ကဗျာဆိုတာ” ကဗျာဖြင့် စာပေနယ်သို့ ဝင်ရောက်ခဲ့သည်။ ဉာဏ်ရွှင်စိုး ကလောင်အမည်ဖြင့် ကလေးကဗျာများစာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ ထိုကဗျာစာအုပ်မှ “အတုယူပါ” ကဗျာကို ဒုတိယတန်း ယဉ်ကျေးမှုသင်ခန်းစာ၌လည်းကောင်း၊ “မြို့တော်သာဖို့ ဆောင်ရွက်စို့” ကဗျာကို တတိယတန်း၊ တာဝန်သင်ခန်းစာ၌လည်းကောင်း ၁၉၉၄ ခုနှစ် ပညာသင်နှစ်မှစ၍ ကျောင်းသုံးအဖြစ် ပြဋ္ဌာန်းခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ပထမအကြိမ်သက်တမ်းတွင် ရွေးကောက်တင်မြှောက် ခံရပြီး အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး၊ ပြည်ထာင်စုလွှတ်တော်၊ ဥပဒေကြမ်းပူးပေါင်းကော်မတီ တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုလွှတ်တော် အာဆီယံပါလီမန်များဆိုင်ရာ ပူးပေါင်းကော်မတီဝင်အဖြစ် ပထမအကြိမ်လွှတ်တော်သက်တမ်းတွင် ဆောင်ရွက်ခဲ့ပါသည်။

 မှတ်ချက်