ဒေါက်တာနော်ခရစ္စထွန်း

ကရင်ပြည်နယ်
မဲဆန္ဒနယ်အမှတ်(၇)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

၁။ အကြိမ် - ဒုတိယအကြိမ်
၂။ အမည် - ဒေါက်တာနော်ခရစ္စထွန်း
၃။ အခြားအမည်ရှိလျှင် - ဒေါက်တာအားကာမိုး
၄။ လူမျိုး/ဘာသာ - ကရင်/ခရစ်ယာန်
၅။ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် - ၃/သတန(နိုင်)၀၀၁၂၅၇
၆။ မွေးသက္ကရာဇ် / အသက် - ၀၈-၁၂-၁၉၆၃ / (၅၅) နှစ်
၇။ မွေးဖွားရာဇာတိ - သံတောင်မြို့
၈။ ပညာအရည်အချင်း - B.V.S
၉။ လက်ရှိအလုပ်အကိုင် - ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ သံတောင်ကြီးမြို့နယ်
၁၀။ အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဦးစောနေထွန်း၊ (ကွယ်လွန်)
၁၁။ အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဒေါ်နော်အော်ကလို၊ ၃/သတန(နိုင်) ၀၀၁၂၅၉
၁၂။ ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဦးစိုင်းမောင်အန်း၊ ၁၃/လရန(နိုင်) ၀၆၅၈၇၄၊ အရောင်းအဝယ်
၁၃။ သား / သမီးအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ( ၁) နော်အဲလစ်ဆာ၊ ၃/သတန(နိုင်) ၀၃၅၆၈၉ (Air hostess(MAI)) (၂) စောဂျိမ်းဘရိုက်ဆန်း၊ ၃/သတန(နိုင်) ၀၀၆၆၀၄၊(Leadership Tha Pyay Foundation) (၃) နော်ရုသ်မွန်းလိုက်၊ ၃/သတန(နိုင်) ၀၀၈၉၂၃၊ (9th Standard)
၁၄။ အမြဲတမ်း နေရပ်လိပ်စာ - အမှတ်(၇၇)၊ ၃ ရပ်ကွက်၊ သံတောင်မြို့
၁၅။ ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
၁၆။ ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် - မဲဆန္ဒနယ်အမှတ်(၇)
ကိုယ်ရေး အကျဉ်း: 

အ.လ.က (သံတောင်မြို့)၊ အ.ထ.က (မင်္ဂလာတောင်ညွန့်)၊ အ.ထ.က (ဘားအံ)၊ ဒေသကောလိပ်(ကရင်ပြည်နယ်)နှင့် မွေး/ဆေးတက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့ပါသည်။

၁၉၉၀ ခုနှစ်မှ ၂၀၀၁ ခုနှစ်ထိ သံတောင်မြို့နယ်၊ မွေး/ကုဦးစီးဌာနတွင် ဒုဦးစီးမှူးအဖြစ် တာဝန်ယူထမ်းဆောင်ခဲ့ပါသည်။

၁၉၉၂ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ သံတောင်ကြီးမြို့နယ်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတွင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ၂၀၀၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ အ.ထ.က သံတောင်မြို့တွင် ကျောင်းအကျိုးတော်ဆောင် အဖြစ်လည်းကောင်း၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ သံတောင်မြို့၊ စာပေနှင့် ယဉ်ကျေးမှုကော်မတီတွင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ၂၀၁၄ခုနှစ် မှ ၂၀၁၅ ခုနှစ်အထိ သံတောင်မြို့၊ စည်ပင်သာယာ‌ရေးကော်မတီတွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။

မှတ်ချက်