ဇဝန

၁။ အကြိမ် - ဒုတိယအကြိမ်
၂။ အမည် - ကြည်း ၂၃၀၄၈ ဗိုလ်မှူးဇဝန
၃။ အခြားအမည်ရှိလျှင် - မရှိပါ
၄။ လူမျိုး/ဘာသာ - ဗမာ/ဗုဒ္ဓဘာသာ
၅။ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် - ၅/ဝသန (နိုင်) ၀၃၉၀၃၁
၆။ မွေးသက္ကရာဇ် / အသက် - ၂၉-၁၂-၁၉၇၀ / (၄၈) နှစ်
၇။ မွေးဖွားရာဇာတိ - ပြင်ဦးလွင်မြို့ ၊ မန္တလေးတိုင်းဒေသကြီး
၈။ ပညာအရည်အချင်း - ဝိဇ္ဇာဘွဲ့ (ပထဝီ)၊ မဟာဝိဇ္ဇာအပိုင်း(က) အဆင်‌့မီ
၉။ လက်ရှိအလုပ်အကိုင် - တပ်မှူး၊ အမှတ်(၉) ဆက်သွယ်ရေးအလုပ်ရုံ၊ နတခ၊ ပုသိမ်မြို့
၁၀။ အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဗိုလ်ကြီးကျော်လွင်(ငြိမ်း)၊ ကွယ်လွန်
၁၁။ အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဒေါ်အမာကြည် (မှီခို)
၁၂။ ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဒေါ်မာမာခိုင်၊ ပညာရေးဝန်ထမ်း(ငြိမ်း)
၁၃။ သား / သမီးအမည် / မှတ်ပုံတင်အမှတ် / လုပ်အကိုင် - (၁) မောင်သုဘုန်းမြင်‌့မြတ်၊ ကျောင်းသား (၂) မောင်အံ့ဘုန်းမြင်‌့မြတ်၊ ကျောင်းသား (၃) မသုန်ဝသီခင်၊ (ပထမတန်း)၊ ကျောင်းသူ
၁၄။ အမြဲတမ်း နေရပ်လိပ်စာ - အမှတ်(၄၈)၊ မြေညီထပ်၊ မင်းလမ်း၊ စမ်းချောင်း၊ ရန်ကုန်တိုင်းဒေသကြီး
၁၅။ ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ - တပ်မတော်သားကိုယ်စားလှယ်
၁၆။ ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် -

ကိုယ်ရေး အကျဉ်း: 

အခြေခံပညာကို မန္တလေး အ.ထ.က(၃)တွင် သူငယ်တန်းမှ တတိယတန်းအထိ လည်းကောင်း၊ တတိယတန်းမှ တက္ကသိုလ်ဝင်တန်း အောင်သည် အထိ အ.ထ.က(၁၈)တွင် လည်းကောင်း၊ ၁၉၉၅ ခုနှစ်တွင် အဝေးသင် တက်ရောက်ပြီး ဘွဲ့ရသည်အထိ မန္တလေးတက္ကသိုလ်တွင် တက်ရောက်ခဲ့ ပါသည်။

     ၁၉၈၈ မှ  ၁၉၉၀ အလုပ်သင်ဗိုလ်လောင်း(၁၈) ပြင်ဦးလွင်တွင် လည်းကောင်း၊ ၁၉၉၀ မှ ၁၉၉၁ အလုပ်သင်ဗိုလ်၊ ခမရ (၁၀၂) မုတ္တမမြို့ တွင်လည်းကောင်း၊ ၁၉၉၁ မှ ၁၉၉၃ ဒုဗိုလ်၊ ခမရ (၁၁၁) ဝန်းသိုမြို့တွင် လည်းကောင်း၊ ၁၉၉၃  မှ ၁၉၉၄ ဗိုလ်၊ ခလရ(၉၅) မန္တလေးမြို့တွင် လည်းကောင်း၊ ၁၉၉၄ မှ ၁၉၉၉ ဗိုလ်ကြီး၊ ဆသရ(၆၁၆) မြစ်ကြီးနားမြို့တွင် လည်းကောင်း၊ ၁၉၉၉ မှ ၂၀၀၂ ဦးစီးအရာရှိ (တတိယတန်း) ကကဆက် နှင့်  ၂၀၀၂ မှ ၂၀၀၈ ခုနှစ်အထိ ဆလခွဲ(၄၄) တပ်မ(၄၄) ကျိုက်ထိုတွင် လည်းကောင်း၊  ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ် အဆရ(၁၁)တွင် ခေတ္တ တပ်ရင်းမှူး တာဝန်ထမ်းဆောင်ပြီး ၁၉-၆-၂၀၁၂ ရက်နေ့တွင် အမှတ်(၉) ဆက်သွယ်ရေးအလုပ်ရုံ နတခ၊ ပုသိမ်တွင် ယနေ့ထိ တာဝန်ထမ်းဆောင် လျက်ရှိပြီး တပ်မတော်သားကိုယ်စားလှယ် ရုံးအဖွဲ့မှူးနှင့် အတွင်ရေးမှူး၊ မဟာဗျူဟာ လေ့လာရေးနှင့် သုတေသနကော်မတီတွင် တာဝန်ထမ်း ဆောင်လျက်ရှိပါသည်။