Share this

၃၃ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ် (၂၉.၃.၂၀၁၈)

Tuesday, April 3, 2018 - 10:54
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးသတ္တမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်း အနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး

၃၃ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ်

 

၁၃၇၉ ခုနှစ်၊ တန်ခူးလဆန်း ၁၃  ရက်

( ၂၀၁၈ ခုနှစ်၊ မတ်လ ၂၉ ရက် )

[ကြာသပတေးနေ့]

 

၁။           ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၃၃ ရက် မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊  မတ်လ ၂၉  ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင် ကျင်းပပါသည်။

အဆိုတင်သွင်းခြင်း၊ အစီရင်ခံစာကိုဆွေးနွေးခြင်းနှင့် အတည်ပြုခြင်း

၂။           ဦးစောသန်းထွဋ်၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)(ဥက္ကဋ္ဌ၊ ပြည်သူ့ငွေစာရင်း ကော်မတီ)က ပြည်သူ့ငွေစာရင်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို လည်းကောင်း၊ ဦးမောင်မောင်လတ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉) (အတွင်းရေးမှူး၊ လွှတ်တော်အခွင့်အရေးကော်မတီ)က လွှတ်တော်အခွင့်အရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကိုလည်းကောင်း၊ ဒေါက်တာသန်းဝင်း၊ မန္တလေးတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)(ဥက္ကဋ္ဌ၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ)က နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှုအစီရင်ခံစာကို လည်းကောင်း၊  ဦးကျော်သီဟ၊  မန္တလေးတိုင်းဒေသကြီး  မဲဆန္ဒနယ်အမှတ်(၁၂) (ဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာကော်မတီ)က သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ၏  လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကိုလည်းကောင်း၊ ဦးတင်အောင်ထွန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅) (အစိုးရမဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများဆိုင်ရာကော်မတီဝင်)က အစိုးရမဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ ဆိုင်ရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို လည်းကောင်း၊  ဒေါက်တာခင်မကြီး၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈) (ပြည်တွင်းပြည်ပ အလုပ်သမား ဆိုင်ရာကော်မတီဝင်)က ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှုအစီရင်ခံစာကိုလည်းကောင်း၊  ဦးဇယ်ခေါင်၊ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၃)(ပညာရေးမြှင့်တင်မှုကော်မတီဝင်)က ပညာရေးမြှင့်တင်မှုကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှုအစီရင်ခံစာကိုလည်းကောင်း၊ ဦးဆန်းမြင့်၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)(ဥက္ကဋ္ဌ၊ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီ)က ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကိုလည်းကောင်း၊ ဒေါက်တာကျော်ငွေ၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)(ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှု ဆိုင်ရာကော်မတီဝင်)က ကျန်းမာရေး၊ အားကစားနှင့် ယဥ်ကျေးမှုဆိုင်ရာကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှုအစီရင်ခံစာကိုလည်းကောင်း၊ ဦးအောင်ကြည်ညွန့်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)(ဥက္ကဋ္ဌ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ)က စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို လည်းကောင်း၊  ဒေါက်တာခင်မောင်ဝင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၁)(တိုင်းရင်းသားရေးရာကော်မတီဝင်)က တိုင်းရင်းသားရေးရာကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှုအစီရင်ခံစာကိုလည်းကောင်း၊ ဒေါက်တာမြသောင်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)(ဥက္ကဋ္ဌ၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ)က အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှုအစီရင်ခံစာကိုလည်းကောင်း သဘောတူလက်ခံရန် အဆိုတင်သွင်း၍ လွှတ်တော်က အတည်ပြုသည်။

၃။           အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန် ခံချက်များ စိစစ်ရေးကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် တင်သွင်းမေးမြန်းခဲ့သည့် အဆိုများ၊ မေးခွန်းများနှင့် စပ်လျဉ်းသည့်  အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ် (၇)ဦးက ဆွေးနွေးပါသည်။        

၄။           ဦးသိမ်းဆွေ၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀) (ဥက္ကဋ္ဌ၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ)က ၎င်းဆွေးနွေး ချက်များနှင့် စပ်လျဉ်း၍ ပြန်လည် ရှင်းလင်း‌ပြောကြားပြီး အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် တင်သွင်းမေးမြန်းခဲ့သည့် အဆိုများ၊ မေးခွန်းများနှင့်စပ်လျဉ်းသည့် အစီရင်ခံစာကို သဘောတူလက်ခံရန် အဆို တင်သွင်း၍  လွှတ်တော်က  အတည်ပြုသည်။

ဥက္ကဋ္ဌက နှုတ်ဆက်စကား‌ပြောကြားခြင်း

၅။          အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး အောင်မြင်စွာပြီးစီးကြောင်း နှုတ်ဆက်စကား ပြောကြား ပါသည်။

၆။          အစည်းအဝေးကို ၁၁၂၈ နာရီ အချိန်တွင် ရပ်နားပြီး ဒုတိယအကြိမ် အမျိုးသား လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၃၃ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပ ပြီးစီးကြောင်း ကြေညာပါသည်။

                                                                            

 

 

                                                                အမျိုးသားလွှတ်တော်