Share this

၃၁ ရက်မြောက်နေ့ အစီအစဉ် (၂၂.၃.၂၀၁၈)

Thursday, March 22, 2018 - 09:42
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးသတ္တမပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး 

၃၁ ရက်မြောက်နေ့ အစီအစဉ်

[ ၂၂ - ၃ - ၂၀၁၈ ](ကြာသပတေးနေ့ ) နံနက် ၁၀ နာရီ

 

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော်် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပ ကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် ၃၁ ရက်မြောက်နေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ်် ရယူခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားခြင်း -

(က) ဦးစိုင်းစံအောင်၊   ရှမ်းပြည်နယ်  မဲဆန္ဒနယ်အမှတ်(၁၂)၏ ရှမ်းပြည်နယ်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသခံတိုင်းရင်းသားများ ပညာရေး ဖွံ့ဖြိုးတိုးတက်မှု၊ ပညာရေးမြှင့်တင်မှုတို့နှင့် စပ်လျဉ်း၍ သိရှိလိုသည်‌့ မေးခွန်း၊

( ခ ) ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ နဂူမေ ကျေးရွာအုပ်စုတွင် ကွင်းအမှတ် (၈၄၈ - င) တောင်ချောင်းပြုစု မြောက်ကွင်း (၅) ဧကကို ပညာရေးဝန်ကြီးဌာနပိုင် စာသင်ကျောင်းမြေအဖြစ်မှ စွန့်လွှတ်ပေးရန်နှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန တိုက်နယ်ဆေးရုံမြေအဖြစ် ပြောင်းလဲပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည်‌့ မေးခွန်း။

၆။ အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာ ကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း-

(က)ဦးရှေးရယ်ရှုမောင်၊ ကယားပြည်နယ်  မဲဆန္ဒနယ်အမှတ်(၂)

( ခ )ဒေါ်မြတ်သီတာထွန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)

( ဂ )နော်လှလှစိုး၊ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)

(ဃ)ဦးတင်အောင်ထွန်း၊ မကွေးတိုင်း‌ေဒသကြီး  မဲဆန္ဒနယ်အမှတ်(၅)

၇။ အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာ ကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာကို သဘောတူလက်ခံရန် အဆိုတင်သွင်းခြင်းနှင့် အမျိုးသားလွှတ်တော်၏ အတည်ပြုချက် ရယူခြင်း။

၈။ အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် တင်သွင်းမေးမြန်းခဲ့သည့် အဆိုများ၊ မေးခွန်းများနှင့် စပ်လျဉ်း သည့် အစီရင်ခံစာကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြား တင်သွင်းခြင်း။

၉။ အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း။

၁၀။ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြား တင်သွင်းခြင်း။

၁၁။ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ၏ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း။

၁၂။ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြားတင်သွင်းခြင်း။

၁၃။ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာ ကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း။

၁၄။ အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြားတင်သွင်းခြင်း။

၁၅။ အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း။

၁၆။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၃၁ ရက်မြောက်နေ့  ရပ်နားကြောင်းနှင့် ၃၂ ရက်မြောက်နေ့ အစည်းအဝေး  ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။