Share this

၃၀ ရက်မြောက်နေ့ အစီအစဉ် (၂၁.၃.၂၀၁၈)

Wednesday, March 21, 2018 - 09:26
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးသတ္တမပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး

၃၀ ရက်မြောက်နေ့ အစီအစဉ်

[ ၂၁ - ၃ - ၂၀၁၈ ](ဗုဒ္ဓဟူးနေ့ ) နံနက် ၁၀ နာရီ

 

၁။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။      အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပ ကြောင်း ကြေညာခြင်း။

၃။      အမျိုးသားလွှတ်တော် ၃၀ ရက်မြောက်နေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။      အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာ ကော်မတီတွင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်နေရာ အစားထိုးပြင်ဆင်ဖွဲ့စည်းခြင်းကို အမျိုးသား လွှတ်တော်သို့ တင်ပြခြင်းနှင့် အမျိုးသားလွှတ်တော်၏ အတည်ပြုချက် ရယူခြင်း။

၆။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်   ဆိုင်ရာကော်မတီ ဖွဲ့စည်းရေးနှင့် စပ်လျဉ်း၍          ရှင်းလင်းပြောကြားခြင်း။

၇။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တာဝန်ပေးအပ်သည့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း။

၈။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင် ဆိုင်ရာကော်မတီတွင် ပါဝင်သင့်သည့် အဖွဲ့ဝင် ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကို အမျိုးသားလွှတ်တော်သို့ တင်ပြခြင်း။

  ၉။    အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင် ဆိုင်ရာကော်မတီတွင် ပါဝင်မည့်  အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကိုလည်းကောင်း၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းကို လည်းကောင်း အမျိုးသားလွှတ်တော်၏ အတည်ပြုချက် ရယူခြင်းနှင့် ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင် ဆိုင်ရာ ကော်မတီ ဖွဲ့စည်းကြောင်း ကြေညာခြင်း။

၁၀။   ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားခြင်း -

(က)   ဦးခွန်သိန်းဖေ၊   ရှမ်းပြည်နယ်   မဲဆန္ဒနယ်အမှတ်(၉)၏ ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် လွိုင်လင်ခရိုင်သို့ ဆက်သွယ်သည့် ခရိုင်ချင်းဆက်လမ်း ကျောက်တန်း - ဖတ်နမ် - ပင်လုံလမ်းပိုင်း (၂၉)မိုင် (၆)ဖာလုံလမ်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနပိုင် လမ်းအဖြစ် အတည်ပြုပေးနိုင်ပါရန်နှင့် ၎င်းလမ်းပိုင်းကို အဆင့်မြှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများအား မည်သည့်ဘဏ္ဍာရေးနှစ်မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်း သည့် မေးခွန်း၊

( ခ )  ဦးသိန်းလွင်၊  ကချင်ပြည်နယ်     မဲဆန္ဒနယ်အမှတ်(၁၀)ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ မင်းကျောင်းကုန်းရပ်ကွက်နှင့် နောင်ခိုရပ်ကွက်ကို ဆက်သွယ် ထားသော ကားလမ်း (ပရဟိတကန်လမ်း)ကို အချိန်မရွေးသွားလာနိုင်ရန် ဖွင့်လှစ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ )  ဒေါ်သန်းသန်းအေး၊    မကွေးတိုင်းဒေသကြီး   မဲဆန္ဒနယ်အမှတ်(၇)၏ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ကျောက်ပန်းတောင်းရွာ၊ မြောက်မျှားကုန်းရွာ၊ မကြီးပင်ကျင်းရွာ၊ ပျဉ်းပင်စမ်းရွာများမှ မင်းလှ - သရက် ကားလမ်းမကြီးသို့သွားရာတွင် ဖြတ်ကျော်သွားရသော တင်ညောင်ချောင်း၌ ကွန်ကရစ်ရေကျော် သို့မဟုတ် ချောင်းကူးတံတားကို မည်သည့်ဘဏ္ဍာရေး နှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

၁၁။    အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီးပေးပို့     ထားသော သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေးတင်ပြခြင်း။

၁၂။    အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာခြင်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း။

၁၃။    အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြားတင်သွင်းခြင်း။

၁၄။    အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း။

၁၅။   အမျိုးသားလွှတ်တော် နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြားတင်သွင်းခြင်း။

၁၆။   အမျိုးသားလွှတ်တော် နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၏ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း။

၁၇။    အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၃၀ ရက်မြောက်နေ့  ရပ်နားကြောင်းနှင့် ၃၁ ရက်မြောက်နေ့ အစည်းအဝေး  ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။