Share this

၂၇ ရက်မြောက်နေ့ အစီအစဉ် (၁၃-၃-၂၀၁၈)

Tuesday, March 13, 2018 - 09:15
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးသတ္တမပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး

၂၇ ရက်မြောက်နေ့ အစီအစဉ်

[ ၁၃ - ၃ - ၂၀၁၈ ](အင်္ဂါနေ့ ) နံနက် ၁၀ နာရီ

 

၁။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။      အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပ ကြောင်း ကြေညာခြင်း။

၃။      အမျိုးသားလွှတ်တော် ၂၇ ရက်မြောက်နေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။      အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။      ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားခြင်း -

(က)   ဦးကျော်ကျော်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ် ဂုဏ်ကျွန်းကျေးရွာ နှင့် မင်းပြားမြို့နယ် ပန်းမြောင်းတိုက်နယ်ကျေးရွာတို့ကြားတွင်ရှိသော ရွာချင်းဆက်လမ်းအား မြေသားဖို့ခြင်းနှင့် ကျောက်ခင်းခြင်း၊ ကျောက်ချောခင်းခြင်း စသည်ဖြင့် အဆင့်တိုးမြှင့် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ )  ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း ရန်ကုန် - စစ်တွေ ကားလမ်းမှ ကန်စောက် ကျေးရွာ - ကံသုံးဆင့် - ဒုံနာ - နီချေ  - အောက်လာကျေးရွာအထိ ကျေးရွာချင်းဆက်လမ်းကို ရာသီမရွေး သွားလာနိုင်သည့် ကွန်ကရစ်လမ်း သို့မဟုတ် ကျောက်ချောလမ်း ဖောက်လုပ်ပေးရန်နှင့် ကန်စောက်ကျေးရွာ အနီး ယိုးချောင်း ချောင်းလက်တက်တွင် (၁၂၀)ပေအကျယ် သံကူကွန်ကရစ် တံတားတစ်စင်းတို့ကို ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ် ပေးရန် အစီအစဉ် ရှိ/မရှိ တို့နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ )  ဦးမျိုးထပ်(ခ) ဆလိုင်းမျိုးထိုက်၊ ချင်းပြည်နယ်     မဲဆန္ဒနယ်အမှတ်(၁၂)၏ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကာနန်းကျေးရွာအုပ်စုနှင့် ပလက်ဝ မြို့နယ်၊ မှုံတနူးကျေးရွာအုပ်စု၊ ကာနန်း - ပိုက်တော - မှုံတနူး - ချိုင်းစနူးကြား ကားလမ်းဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်း နှင့် စပ်လျဉ်း သည့် မေးခွန်း။

၆။      အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက် ဆွေးနွေးခြင်း-

                   (က)   ဦးကြည်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)

                   ( ခ )  ဒေါက်တာခွန်ဝင်းသောင်း၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)

                   ( ဂ )  ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)

                   (ဃ)   နော်လှလှစိုး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)

                   ( င )  ဦးလှဆန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)

                   ( စ ) ဦးလှမြင့်(ခ)ဦးလှမြင့်သန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)

                   (ဆ )  ဒေါ်နော်ခရစ္စထွန်း(ခ) ဒေါက်တာအားကာမိုး၊

                             ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)

၇။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၂၇ ရက်မြောက်နေ့  ရပ်နားကြောင်းနှင့် ၂၈ ရက်မြောက်နေ့ အစည်းအဝေး  ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။