Share this

၂၃ ရက်မြောက်နေ့ အစီအစဉ် (၁၉ - ၉ - ၂၀၁၉)

Thursday, September 19, 2019 - 08:20
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး 

၂၃ ရက်မြောက်နေ့ အစီအစဉ်

[ ၁၉ - ၉ - ၂၀၁၉ ]( ကြာသပတေးနေ့ ) နံနက် ၁၀ နာရီ

 

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် ၂၃ ရက်မြောက်နေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာ ကော်မတီတွင် အဖွဲ့ဝင်နေရာ အစားထိုး ပြောင်းလဲပြင်ဆင် ဖွဲ့စည်းခြင်းကို အမျိုးသားလွှတ်တော်သို့ တင်ပြခြင်းနှင့် အမျိုးသားလွှတ်တော်၏ အတည်ပြုချက် ရယူခြင်း။

၆။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က) ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်းကျောင်း (၂)ကျောင်းနှင့် အခြေခံပညာ မူလတန်းကျောင်း(ခွဲ) (၅)ကျောင်းတို့တွင် လိုအပ်လျက်ရှိသော ဆရာ/ဆရာမများ ခန့်ထားပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ ) ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်၊ ဘဲလ်ဟာရ်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် RCC နှစ်ထပ်ဆောင် ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ ) ဦးမာန်လောမောင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ ပညာရေးဝန်ကြီး ဌာန အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာကျောင်းများတွင် လစ်လပ်လျက်ရှိသော ရုံးဝန်ထမ်းများ ဖြည့်ဆည်း ခန့်ထားပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ) ဦးအေးဗိုလ်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)၏ ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်း ဂျိုးဖြူနှင့် သဲဖြူမြစ်ရေတင် ရေပေးဝေရေးတို့မှ ရပ်ကွက်၊ ကျေးရွာများသို့ ထပ်မံတိုးချဲ့ ရေပေးဝေနိုင်မည့် အခြေအနေနှင့် JICA ချေးငွေဖြင့် ဖော်ဆောင်နေသော ကုက္ကိုဝမြစ်ရေတင် စီမံကိန်း မည်သည့်အချိန်တွင် ပြီးစီးမည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( င ) ဒေါက်တာလင်းဝေဖြိုးလတ်၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ မြိတ်မြို့၊ မြစ်ငယ်ရပ်ကွက်ရှိ မင်္ဂလာရေကန်ကြီးအား အများပြည်သူ အပန်းဖြေရန်နေရာ ဖြစ်ပေါ်လာရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

၇။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီးပေးပို့     ထားသော စကားရပ် ပြောင်းလဲသတ်မှတ်သည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေး တင်ပြခြင်း။

၈။ အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော စကားရပ် ပြောင်းလဲ သတ်မှတ်သည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာခြင်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း။

၉။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော အမျိုးသားမှတ်တမ်းနှင့် မော်ကွန်း ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည် ဖတ်ကြား ရှင်းလင်းခြင်း။

၁၀။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော အမျိုးသားမှတ်တမ်းနှင့် မော်ကွန်း ဥပဒေကြမ်းကို အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၁၁။ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ၏ ဒုတိယအကြိမ် အမျိုးသား လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးမှ (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍ အောက်ပါ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း- 

(က)ဦးဝေစိန်အောင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)

( ခ ) ဒေါ်နန်းမိုးမိုးထွေး၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)

၁၂။ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ၏ အစီရင်ခံစာကို သဘောတူ လက်ခံရန် အဆိုတင်သွင်းခြင်းနှင့် အမျိုးသားလွှတ်တော်၏ အတည်ပြုချက် ရယူခြင်း။

၁၃။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍  ရှင်းလင်းပြောကြားခြင်း။

၁၄။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ဒုတိယအကြိမ် အမျိုးသား လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပပြီးစီးကြောင်း ကြေညာခြင်း။