Share this

၂၃ ရက်မြောက်နေ့ အစီအစဉ် (၁၁ - ၃ - ၂၀၁၉)

Monday, March 11, 2019 - 08:19
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး 

၂၃ ရက်မြောက်နေ့ အစီအစဉ်

[ ၁၁ - ၃ - ၂၀၁၉ ]( တနင်္လာနေ့ ) နံနက် ၁၀ နာရီ

 

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် ၂၃ ရက်မြောက်နေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်း ဝင်များက ဖြေကြားခြင်း -

(က) ဦးလှမြင့်(ခ)ဦးလှမြင့်သန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျွန်းတောကျေးရွာအုပ်စု ကွင်းအမှတ်(OSS-၃၅)၊ ပျဉ်းမ စခန်း အပြင်ကွင်းရှိ တောင်သူ(၅)ဦး စပါးလင်စိုက်ပျိုးနေသည့် ခြံမြေ(၈၅) ဧကမှာ ၂၀၀၁ခုနှစ်က နယ်မြေခံတပ်ရင်း စတင်ထူထောင်စဉ်က သိမ်းဆည်း ရာတွင် ပါသွားခဲ့သော်လည်း ယနေ့တိုင် မြေယာလျော်ကြေးပေးခြင်းများ မရှိသေး ပါသဖြင့် တည်ဆဲဥပဒေများနှင့်အညီ မြေယာလျော်ကြေးပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ ) ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝအုပ်စု၊ ရှင်းလက်ဝအထက်ရွာနှင့် ရှင်းလက်ဝ အောက်ရွာ ကူးလူးသွားလာသော ပေအရှည်(၃၀၀)ရှိ (ရှင်းလက်ချောင်းကူး) ကြိုးတံတားဟောင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ဘတ်ဂျက်ဖြင့် အသစ်ပြန်လည် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ ) ဦးအေးမင်းဟန်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ရှိ ကျေးရွာပေါင်း(၁၃)ရွာကို ဆက်သွယ်ထားသော ဦးနာအောက်လမ်း(ကတိုး၊ ကော့နပ်၊ ဇာသပြင်)၏ ပျက်စီးနေသောလမ်းပိုင်း   ၃ မိုင် ၂ ဖာလုံအား ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ၁၄ ပေ အကျယ် ကတ္တရာလမ်းအသစ် ခင်းပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ) ဦးစိုင်းစံအောင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ရှမ်းပြည်နယ်၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်ဝိုင်မြို့အတွက် စိမ့်စမ်းရေ သွယ်တန်းစနစ်ဖြင့် လုံလောက်သည့် သောက်သုံးရေရရှိရေး မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( င ) ဦးလားလ်မင်းထန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ချင်းပြည်နယ်၊ မတူပီမြို့နယ်ရှိ ဒါရ်လင်းကျေးရွာမှ လုံကြွေးကျေးရွာအထိ (၉)မိုင်နှင့် လုံကြွေးကျေးရွာမှ အိန္ဒိယနယ်စပ်အထိ (၁)မိုင်၊ စုစုပေါင်း(၁၀)မိုင်အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

 

၆။ အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေ အစီရင်ခံစာ(၂/၂၀၁၈)ကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြားတင်သွင်းခြင်း။

၇။ အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း။

၈။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ၂၄ ရက်မြောက်နေ့ အစည်းအဝေး  ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။