Share this

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းများတွင် ပါဝင်သည့် စီမံကိန်းလုပ်ငန်းများနှင့် ရငွေ၊ သုံးငွေများစိစစ်ရေးပူးပေါင်းအဖွဲ့(၂၀)၏ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်းနှင့် စပ်လျဉ်း၍ အစည်းအဝေးကျင်းပ

Wednesday, May 8, 2019 - 13:55
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းများတွင်ပါဝင်သည့် စီမံကိန်းလုပ်ငန်းများနှင့် ရငွေ၊ သုံးငွေများစိစစ်ရေးပူးပေါင်းအဖွဲ့(၂၀)၏ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်းနှင့် စပ်လျဉ်း၍ အစည်းအဝေးကို (၈-၅-၂၀၁၉)ရက်နေ့ (၁၂၀၀)နာရီအချိန်၌ နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-14) ကော်မတီအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး အစည်းအဝေးသို့ စိစစ်ရေးပူးပေါင်းအဖွဲ့ (၂၀)၏ ဥက္ကဋ္ဌဒေါ်နွယ်နွယ်အောင်နှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။