Share this

၁၇ ရက်မြောက်နေ့ အစီအစဉ် (၂၀ - ၁၂ - ၂၀၁၈)

Thursday, December 20, 2018 - 08:28
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒသမပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး 

၁၇ ရက်မြောက်နေ့ အစီအစဉ်

[ ၂၀ - ၁၂ - ၂၀၁၈ ](ကြာသပတေးနေ့) နံနက် ၁၀ နာရီ

 

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပ ကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် ၁၇ ရက်မြောက်နေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က) ဦးဖေတင်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)၏ မြန်မာ့မီးရထားကဏ္ဍ အောင်မြင်ဦးမော့လာနိုင်စေရေးအတွက် လက်ရှိရင်ဆိုင်နေရသော အရှုံးများနှင့် ကျဆင်းနေရမှုတို့ကို ရပ်တန့်ကျော်လွှားပြီး ရှေးယခင်အစဉ်အလာကောင်းများ ရရှိခဲ့သည့် မြန်မာ့မီးရထားကို ပြည်သူများ နှစ်ခြိုက်ချမ်းမြေ့စွာ ပြန်လည် အားပေးလာကြစေရေးအတွက် အစီအစဉ်ကောင်းများ ပြုလုပ်ဆောင်ရွက်ပေးရန် စီမံကိန်းများ ရှိ/မရှိ သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ ) ဦးရှန်အောရ်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ တိလပ်(Tilak)ကျေးရွာတွင် သောက်သုံးရေကန် တိုးချဲ့ပေးခြင်းနှင့် နောက်ထပ်ရေလှောင်ကန် အသစ်တစ်ခု တည်ဆောက် ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ ) ဒေါ်ရှားမူ၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်၊ တော်ခူကျေးရွာအုပ်စု၊ ပလိုဒေးခိုမှ ပရက်စောခူထိ ၅ မိုင် ၄ ဖာလုံ၊ ပရက်စောခူမှ သော်ခူထိ ၂ မိုင် ၅ ဖာလုံ၊ သော်ခူမှ ခေါပရာထိ ၂ မိုင်၊ စုစုပေါင်း ၁၀/၁ မိုင်အား မြေသားလမ်း ဖောက်လုပ် ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ) ဦးလားလ်မင်းထန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ချင်းပြည်နယ်၊ မတူပီခရိုင်နှင့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်တို့ကို ဆက်သွယ်ထားသော လမ်းပိုင်းဖြစ်သည့် တိန်ဆီး - ရမ်စီးလမ်း (၅၆)မိုင် လမ်းပေါ်ရှိ အဓိက လိုအပ်သော တံတား(၆)စင်းအား ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘတ်ဂျက်ဖြင့် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( င ) ဦးဟန်ဝင်းသိန်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ နယ်စပ် ရေးရာဝန်ကြီးဌာနမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ပြုလုပ်ထားသော တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ လမ်း/တံတားများသည် စံချိန်စံညွှန်း အရည်အသွေးပြည့်မီမှု မရှိခြင်းကြောင့် ပျက်စီးယိုယွင်းနေမှုများကို လုပ်ဆောင်သော ကုမ္ပဏီများအား စာချုပ်ပါ အချက်အလက် အရည်အသွေး အတိုင်း ပြန်လည်ပြုပြင်စေခြင်း ရှိ/မရှိနှင့် နောင်ဘဏ္ဍာရေးနှစ်များတွင်လည်း ဆောက်လုပ်မည့် ကုမ္ပဏီများအား တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန်၊ ပျက်ကွက်ပါက အရေးယူခြင်း၊ အရည်အသွေး စစ်ဆေးခြင်းနှင့် စိစစ်လက်ခံခြင်းတို့အား တိကျခိုင်မာသော စီမံမှုစနစ်များ ဆောင်ရွက်ထားခြင်း ရှိ/မရှိ သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( စ ) ဦးစိုင်းပန်ဖ၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ကယားပြည်နယ်၊ မယ်စဲမြို့နယ်၊ ဟိုဂျစ်ကျေးရွာအုပ်စုအတွင်းရှိ လမ်းဆုံ - လယ်တော လမ်းပိုင်း ၄ မိုင် ၄ ဖာလုံအနက် ကျောက်ခင်းပြီး ၂ မိုင်ကို ကတ္တရာခင်းခြင်း၊ မြေသား ၂ မိုင် ၄ ဖာလုံကို ကတ္တရာလမ်းအဖြစ် တိုးမြှင့်ခင်းခြင်းနှင့် ထိုလမ်းပေါ်ရှိ (၁၅)ပေ တံတားတစ်စင်း၊ Box Culvert သုံးစင်း အပါအဝင်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

၆။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီးပေးပို့ထားသော စက်မှုဒီဇိုင်း မူပိုင်ခွင့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေး တင်ပြခြင်း။

၇။ အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော စက်မှုဒီဇိုင်း မူပိုင်ခွင့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်း နိုင်ကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း။

၈။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က ယဉ်ကျေးမှုအမွေအနှစ် ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းခြင်း။

၉။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် အမျိုးသား လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၁၀။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကြမ်းကို အတည်ပြုရန် အဆို တင်သွင်းခြင်းနှင့်  လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံခြင်း။

၁၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေကြမ်းကို အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း။

၁၂။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်းအဝေး ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍  ရှင်းလင်းပြောကြားခြင်း။

၁၃။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်းအဝေး ၁၇ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ကျင်းပပြီးစီးကြောင်း ကြေညာခြင်း။