Share this

၁၆ ရက်မြောက်နေ့ အစီအစဉ် (၁၉ - ၁၂ - ၂၀၁၈)

Wednesday, December 19, 2018 - 08:19
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒသမပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး 

၁၆ ရက်မြောက်နေ့ အစီအစဉ်

[ ၁၉ - ၁၂ - ၂၀၁၈ ](ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီ

 

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပ ကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် ၁၆ ရက်မြောက်နေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က) ဒေါ်သီရိရတနာ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ စက်မှုဝန်ကြီးဌာနတွင် ဖြစ်ပေါ်နေသော ဝန်ထမ်းပိုလျှံနေမှုကို အကျိုးရှိစွာ မည်သို့စီမံမည်ကို ရှင်းလင်းစွာ သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ ) ဦးစောမိုးမြင့်(ခ) ဆင်မြူရယ်၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ လျှပ်စစ်ဆိုင်ရာလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လျှပ်စစ်ကော်မရှင်အား ဖွဲ့စည်းပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ ) ဒေါ်နွယ်နွယ်အောင်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ညောင်ပင်ဆိပ်ရပ်ကွက်၊ စက်မှုဇုန်တွင် လည်ပတ်လျက် ရှိသော ကျောက်မီးသွေးသုံး ခနောက်စိမ်း သန့်စင်စက်ရုံများဖြစ်သော မြန်မာဆန်းဇော်စက်ရုံနှင့် မြန်မာရှင်းရှင်းစက်ရုံနှစ်ခုတို့မှ ထွက်ရှိလာသော အနံ့ဆိုးများကြောင့် ရပ်ကွက်နေ ပြည်သူများ ကျန်းမာရေးထိခိုက် ဖြစ်ပွားလျက် ရှိပါသဖြင့် ပြည်သူများ ထိခိုက်မှုမရှိစေရေးအတွက် မွန်ပြည်နယ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနက ယင်းစက်ရုံများအပေါ် မည်ကဲ့သို့ ကြီးကြပ် ဆောင်ရွက်နေသည်ကို သိရှိလိုခြင်းနှင့် လိုက်နာမှုမရှိပါက ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ) ဦးရဲထွဋ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ ၁၉၉၈ ခုနှစ်က စံပယ်တောင်၊ ကြေးစင်တောင် သတ္တုတွင်းအား အိုင်ဗင်ဟိုကုမ္ပဏီနှင့် မြန်မာနိုင်ငံအစိုးရတို့သည် မြန်မာအိုင်ဗင်ဟို ကြေးနီကုမ္ပဏီကို ထူထောင်ကာ ဖက်စပ်တူးဖော် လုပ်ကိုင်ခဲ့ပြီး ထိုသို့လုပ်ဆောင်ရာတွင် လက်ရှိရာထူးနှင့် ဖွဲ့စည်းပုံကို ဖျက်သိမ်း၍ မြန်မာအိုင်ဗင်ဟိုကုမ္ပဏီသို့ အပြီးအပိုင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေခဲ့သော အမှတ်(၁)ကြေးနီသတ္တုတွင်းဝန်ထမ်း များထဲမှ လုပ်သက်ဆုငွေသာ ခံစားခွင့်ရရှိခဲ့ကြသော လုပ်သက်(၂၀)နှစ်မှ လုပ်သက်(၃၀)နှစ်အကြားရှိ ဝန်ထမ်းများနှင့် မည်သည့်ခံစားခွင့်မှမရခဲ့ကြသော ကျန်ဝန်ထမ်းများအတွက် ပင်စင်ခံစားခွင့်နှင့် ရသင့်ရထိုက်သော အခြား ခံစားခွင့်များပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( င ) ဦးလားလ်မင်းထန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ချင်းပြည်နယ်၏ အထင်ကရနေရာတစ်ခုဖြစ်သော ဘုံတလာရေတံခွန်သို့သွားသော လမ်း ၈ မိုင် ပေါ်တွင် လိုအပ်သော မြေထိန်းနံရံ ပေ (၃၀၀)နှင့် ရေပြွန် ၁၂ စင်း အပါအဝင် မြေပြိုမှုများအား ဖယ်ရှားပေးပြီး ကတ္တရာလမ်းခင်းရန် ကျန်ရှိသော ၂ မိုင်  ၅ ဖာလုံအား ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်းခင်းပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( စ ) ဦးခင်ဝင်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ မကွေးတိုင်း ဒေသကြီး၊ ချောက်မြို့နယ်၊ ညောင်ဇင်ကျေးရွာမှ ထိန်ကန်ကျေးရွာသို့ ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းအား ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် အတွင်း လမ်းအဆင့် မြှင့်တင်ပေးရန်  အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဆ) ဒေါ်သန်းသန်းအေး၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ လက်ပံတံခါးကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်းတွင် (၁၄၀ x ၃၀)ပေ RC နှစ်ထပ် ကျောင်းဆောင်ကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဇ ) ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ မွန်ပြည်နယ်၊ သထုံမြို့တွင် လေဆင်နှာမောင်းဒဏ်ကြောင့် ပြိုကျသွားသော စိန်ကုန်း အခြေခံပညာ မူလတန်းကျောင်းအား (၁၂၀x၃၀)ပေ အုတ်ညှပ်တစ်ထပ် အသစ်တစ်ဆောင်ကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ် ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဈ ) ဦးဝင်းမြင့်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် စတင်ခဲ့သည့် အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းအရ အကောင်အထည်ဖော်ခဲ့သော သူငယ်တန်း၊ ပထမတန်းများ အတွက် သင်ပြမှု၊ သင်ယူမှု၊ ကလေးသူငယ်များ၏ အမူအကျင့် ပြောင်းလဲမှု (Behavior Changes) လေ့လာသုံးသပ် အကဲဖြတ်မှုအပေါ် သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း။

  ၆။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကိုဧ ပြန်လည်ဖတ်ကြား ရှင်းလင်းခြင်း။

  ၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဥပဒေကြမ်းကို အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

  ၈။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော စားသုံးသူ ကာကွယ်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည် ဖတ်ကြား ရှင်းလင်းခြင်း။

  ၉။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော စားသုံးသူ ကာကွယ်ရေး ဥပဒေကြမ်းကို အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၁၀။ အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးမှ နဝမပုံမှန် အစည်းအဝေးအထိ တင်သွင်းမေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို အောက်ပါ လွှတ်တော် ကိုယ်စားလှယ်က ဆွေးနွေးခြင်း- 

- ဦးလှဆန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)

၁၁။ အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာကို သဘောတူ လက်ခံရန် အဆိုတင်သွင်းခြင်းနှင့် အမျိုးသားလွှတ်တော်၏ အတည်ပြုချက် ရယူခြင်း။

၁၂။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်းအဝေး ၁၆ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ၁၇ ရက်မြောက်နေ့ အစည်းအဝေး ဆက်လက် ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။