Share this

၁၄ ရက်မြောက်နေ့ အစီအစဉ် (၃၁ - ၈ - ၂၀၁၈ )

Friday, August 31, 2018 - 09:07
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးနဝမပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမ ပုံမှန်အစည်းအဝေး 

၁၄ ရက်မြောက်နေ့ အစီအစဉ်

[ ၃၁ - ၈ - ၂၀၁၈ ]( သောကြာနေ့ ) နံနက် ၁၀ နာရီ

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် ၁၄ ရက်မြောက်နေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က) ဦးလှမြင့်(ခ) ဦးလှမြင့်သန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက်၊ ဇီဇဝါ(မြောက်)လမ်းရှိ ဘုရားဝတ္တကမြေပေါ်တွင် ဆောက်လုပ်ထားသည့် အစိုးရ မူလတန်းကျောင်း သစ်သားကျောင်းဆောင်ဟောင်းမှာ အန္တရာယ်ရှိနေသဖြင့် သံကူကွန်ကရစ် (၂)ထပ် ကျောင်းဆောင် ဆောက်လုပ်ပြီးသည်မှာ (၂)နှစ်ကျော်ပြီ ဖြစ်သော်လည်း ၄င်းကျောင်းဆောင်ဟောင်းကို သက်ဆိုင်ရာမှ ဖျက်သိမ်းခွင့် မပြုသေးခြင်း နှင့် စပ်လျဉ်း၍ သိရှိလိုသည့် မေးခွန်း၊

( ခ ) ဦးအောင်မျိုး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုမြို့ရှိ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းတွင် စာသင်ခန်းလုံလောက်မှုမရှိသောကြောင့် အန္တရာယ်ရှိ အဆောက်အအုံများကို အမြန်ဆုံးဖျက်သိမ်းပြီး (၁၄၀ x ၃၀ x ၂၄)ပေ RC (၂)ထပ်ကျောင်းဆောင်သစ် အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အမြန်ဆုံးဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ ) ဦးငွန်ဟေး၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ ချင်းပြည်နယ်၊ ဟားခါးခရိုင် ပညာရေးမှူးရုံး၏ အရာထမ်းများ၊ အမှုထမ်းများအတွက် မရှိမဖြစ် လိုအပ်သော အဆောက်အအုံများ၊ ပရိဘောဂများ၊ အချိန်နှင့် တစ်ပြေးညီ ကြီးကြပ်နိုင်ရန် ရုံးသုံးကားနှင့် အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်မှ အရာထမ်းများ၊ အမှုထမ်းများနည်းတူ ခံစားခွင့်များ၊ ရပိုင်ခွင့်များ လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ) ဦးမင်းဆွေနိုင်၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)၏ ကချင်ပြည်နယ် အတွင်းရှိ အခြေခံပညာအလယ်တန်းပြ ဆရာ/ဆရာမများကို အလယ်တန်းပြ - ၁ (လယ် - ၁)၊ အလယ်တန်းပြ - ၂ (လယ်-၂)ဆိုပြီး ခွဲခြားသတ်မှတ်နေခြင်းအား တစ်ပြေးညီသတ်မှတ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( င ) ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ တွီကင်းဝကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်းဆောင်ဟောင်းအား (၁၂၀ x၃၀)ပေ အုတ်ညှပ် တစ်ထပ်အသစ် တစ်ဆောင်ကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( စ ) ဦးကိုကိုနိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံအတွင်းရှိ ဖွံ့ဖြိုးမှု နောက်ကျပြီး နှစ်စဉ် စည်ပင်သာယာ အခွန်ငွေကောက်ခံရရှိမှု အလွန်နည်းပါးသည့် မြို့ငယ်လေးများအတွက် မြို့ပြဖွံ့ဖြိုးမှုလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လုပ်ကိုင်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ ရန်ပုံငွေမှဖြစ်စေ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ ရန်ပုံငွေမှဖြစ်စေ၊ နှစ်စဉ်သီးခြား ထောက်ပံ့ပေးသွားရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဆ) ဦးဌေးဦး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ရှမ်းတဲကြီးရပ်ကွက်အတွင်း နေထိုင်သူ ပြည်သူများမှာ နှစ်စဉ်နွေရာသီတွင် ညစ်ညမ်းနေသည့် ကျဉ်းမြောင်းသော ချောင်းထဲမှရေကို တစ်ရပ်ကွက်လုံး သုံးစွဲကြရပါသောကြောင့် များစွာ ဒုက္ခရောက်လျက်ရှိပါသဖြင့် ရေအခက်အခဲကို နည်းလမ်းရှာဖွေ ကူညီပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

၆။ တံတားကြီးများ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်က ဆွေးနွေးခြင်း-

-ဦးကိုကိုနိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)

၇။ မြန်မာ့သတ္တုတွင်း နည်းဥပဒေများနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်က ဆွေးနွေးခြင်း-

-ဦးစောမိုးမြင့်(ခ)ဆင်မြူရယ်၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)

၈။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန် အစည်းအဝေး ၁၄ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ၁၅ ရက်မြောက်နေ့ အစည်းအဝေး  ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။