Share this

၁၃ ရက်မြောက်နေ့ အစီအစဉ် (၁၂ - ၁၂ - ၂၀၁၈)

Wednesday, December 12, 2018 - 08:16
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒသမပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး 

၁၃ ရက်မြောက်နေ့ အစီအစဉ်

[ ၁၂ - ၁၂ - ၂၀၁၈ ](ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီ

 

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် ၁၃ ရက်မြောက်နေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါမေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်း ဝင်များက ဖြေကြားခြင်း -

(က) ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးစိုက်ရာ မြို့အသီးသီးတို့နှင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ အခန်း(၆) ပုဒ်မ ၃၆ (က)(ခ) တို့အရ ဖွဲ့စည်းနိုင်သော ရုံးခွဲများကို ပြဋ္ဌာန်း ထားသော ဥပဒေပါ ရည်ရွယ်ချက်များ ထိရောက်အောင်မြင်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအနေဖြင့် ကော်မရှင်ရုံးခွဲများ ဖွဲ့စည်းနိုင်ရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ ) ဒေါ်ခင်ဆွေလွင်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် အမျိုးသမီးနှင့် ကလေးသူငယ်များအတွက် ဘက်စုံသုံးခန်းမဆောင်ပါဝင်သော မိခင်နှင့် ကလေးကျန်းမာရေးဌာန အဆောက်အအုံကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ ) ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ မြန်မာ့အားကစား စွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေရန်နှင့် ပြည်သူ တစ်ရပ်လုံး၏ ကျန်းမာရေးအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် အားကစားဆိုင်ရာ အထူးကုဆရာဝန်များ၊ အားကစားကျွမ်းကျင် ဆေးဘက် ပညာရှင်များ မွေးထုတ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ) ဦးစိုးမိုး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၏ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့နယ်၊ ဘောမိကျေးရွာအုပ်စု၊ ဂျိတ်လက်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာန(ခွဲ) အသစ်တစ်ခု တိုးချဲ့ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း၊

( င ) ဦးလှမြင့်(ခ)ဦးလှမြင့်သန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာရှိ ၁၆ ခုတင်ဆံ့ တိုက်နယ် ဆေးရုံကို ၂၅ ခုတင်ဆံ့ ဆေးရုံအဖြစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် သို့မဟုတ် အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ပုံထွက်မကောင်းတော့သည့် လက်ရှိဓာတ်မှန်စက်ကို မော်ဒယ်ကောင်းမွန်သည့် ဓာတ်မှန်စက်ဖြင့် အမြန်ဆုံးအစားထိုးပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း၊

( စ ) ဒေါ်နွယ်နွယ်အောင်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ မော်လမြိုင်လေယာဉ်ကွင်းကို နိုင်ငံတကာအဆင်‌့မီ လေယာဉ်ကွင်းအဖြစ် အဆင့်မြှင့်တင် ပြန်လည် တည်ဆောက်ရန်အတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေ ချမှတ်ပေးရန် အစီအစဉ် ရှိ/မရှိ သို့မဟုတ် နိုင်ငံတော်မှ အခြားသော နိုင်ငံခြားလုပ်ငန်းရှင်ဖြင့်ဖြစ်စေ၊ ကုမ္ပဏီဖြင့်ဖြစ်စေ အကျိုးတူ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဆ) ဦးဖေတင်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)၏ ယနေ့ လူမှုကွန်ရက် စာမျက်နှာ (Facebook) ပေါ်တွင် ရေးသားအသုံးပြုကြသူများအနက် အချို့မှာ Account ၂ မျိုး၊ ၃ မျိုး သုံးပြီး ပုဂ္ဂိုလ်ရေး တိုက်ခိုက်ဆဲဆိုခြင်း၊ မိသားတစ်စု၊ မောင်နှင့်နှမ မဖတ်သင့်သည့် အလွန်ညစ်ညမ်းသော အသုံးအနှုန်းနှင့် အမနာပ ဝေဖန်ပုတ်ခတ် တိုက်ခိုက်လာခြင်း၊ ၎င်းကို Like လုပ်ပေးခြင်း၊ Comment ပေးခြင်း စသည်ဖြင့် အတင့်ရဲစွာ လုပ်ဆောင်လာကြခြင်းသည် ကြာလျှင် အရိုင်းကို အယဉ် မှတ်ထင်လာပြီး ဒီမိုကရေစီယဉ်ကျေးမှုတစ်ရပ်ဟုပင် လွဲမှားစွာ ခံယူထင်မြင်ကျင့်သုံးလာခြင်းမျိုး မဖြစ်စေရန်အတွက် သက်ဆိုင်ရာမှ ကန့်သတ်ထိန်းချုပ် တားမြစ်ပေးရန် သို့မဟုတ် အရေးယူပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

၆။ အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော မြန်မာနိုင်ငံ စာရင်းကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်က ဆွေးနွေးခြင်း-

- ဦးစိုးသိန်း(ခ)ဦးမောင်စိုး၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)

၇။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာ့ ဆက်သွယ်ရေးကော်ပိုရေးရှင်း ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းခြင်း။ 

၈။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်း ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား ရှင်းလင်းခြင်း။

  ၉။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက မြန်မာ့ဆက်သွယ်ရေးကော်ပိုရေးရှင်း ဥပဒေကြမ်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာခြင်း။

၁၀။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်းအဝေး ၁၃ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ၁၄ ရက်မြောက်နေ့ အစည်းအဝေး ဆက်လက် ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။