Share this

အမျိုးသားလွှတ်တော် ၊ တောင်သူလယ်သမားရေးရာကော်မတီနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိပုဂ္ဂိုလ်များ တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်း

Wednesday, May 8, 2019 - 15:37
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော် ၊ တောင်သူလယ်သမားရေးရာကော်မတီသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိပုဂ္ဂိုလ်များနှင့် (၈-၅-၂၁၉)ရက်နေ့ (၁၃၀၀)နာရီအချိန်တွင် ရေးရာဆောင်(I-15) အစည်းအဝေးခန်းမ၌တွေ့ဆုံ၍ “ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေကြမ်း” နှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော် ၊ တောင်သူလယ်သမား ကော်မတီ ဥက္ကဋ္ဌ ၊ အတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်များနှင့်အတူ အမျိုးသားလွှတ်တော် ၊ စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့် ကော်မတီအဖွဲ့ဝင်(၃)ဦးတို့ပါတက်ရောက်ခဲ့ပြီး၊ ဦးစီးဌာနဘက်မှလည်း ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ တာဝန်ရှိသူ(၉)ဦးတက်ရောက် ဆွေးနွေးခဲ့ကာ အစည်းအဝေးကို (၁၅၁၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။