Share this

အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီသည် မြို့ပြနှင့်ဒေသဖွံ့ဖြိုးရေးစီမံကိန်းဥပဒေကြမ်းနှင့်ပတ်သက်သည့် ဝန်ကြီးဌာနများ/ အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များအား ဖိတ်ကြား၍ဆွေးနွေးညှိနှိုင်းခြင်း

Wednesday, May 8, 2019 - 09:16
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လှျပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီအား ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း (FEDERATION OF MYANMAR CONSTRUCTION ENTERPRENEURS ASSOCIATION) (MCEA) တို့မှ တာဝန်ရှိပုဂ္ဂိုလ်များက (၇.၅.၂၀၁၉)ရက်နေ့ (၁၃၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-17)အပေါ်ထပ်အစည်းအဝေးခန်းမ၌ လာရောက်ရှင်းလင်းဆွေးနွေးပါသည်။

ယင်းတွေ့ဆုံရာ၌ ဌာနဆိုင်ရာ/အဖွဲ့အစည်းတို့မှ တာဝန်ရှိပုဂ္ဂိုလ်များက မြို့ပြနှင့်ဒေသဖွံ့ဖြိုးရေးစီမံကိန်းဥပဒေကြမ်းနှင့် ပတ်သက်သည့်လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးပါသည်။

အဆိုပါ ဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစောမိုးမြင့်(ခ)ဆင်မြူရယ်၊ အတွင်းရေးမှူး ဦးမြမင်းဆွေနှင့် အဖွဲ့ဝင် (၁၀)ဦးတို့ တက်ရောက်ကြပါသည်။