Share this

ပထမနေ့ အစီအစဉ် (၁၅ - ၇ - ၂၀၁၉)

Monday, July 15, 2019 - 08:30
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန် အစည်းအဝေး 

ပထမနေ့ အစီအစဉ် 

[ ၁၅ - ၇ - ၂၀၁၉ ]( တနင်္လာနေ့ ) နံနက် ၁၀ နာရီ

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ ကတိသစ္စာ မပြုရသေးသော တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းက ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း။

၃။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပ ကြောင်း ကြေညာခြင်း။

၄။ အမျိုးသားလွှတ်တော် ပထမနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၅။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၆။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကား ပြောကြားခြင်း။ 

၇။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားခြင်း -

(က) ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ မကျီးသုံးပင် - မလဲသာ - မင်းကျေးရွာလမ်းသည် လမ်းအရှည် ၁၆ မိုင်နှင့် အကျယ် ၆၀ ပေရှိ မြေသားလမ်းဖြစ်ပြီး ကတ္တရာလမ်း အဖြစ် မည်သည့်ဘတ်ဂျက်နှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ ) ဦးခွန်သိန်းဖေ၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်၊ နောင်ဘုရင်ကျေးရွာမှ နန့်ပိုလိမ်ကျေးရွာအထိ ဆက်သွယ် သည့် (၁၆/၀) မိုင်နှင့် ၎င်းလမ်းပေါ်တွင် ဆောက်လုပ်ရန် လိုအပ်သည့် တံတား(၆)စင်းနှင့် (၅)ပေ Box Culvert (၃၃)စင်းကို တစ်ပါတည်း ဆောက်လုပ်ပေးရန်နှင့် ကုန်းဆွတ်ကျေးရွာအုပ်စု၊ မတ်ကောက်(နောက်)မှ နောင်လိပ် - ကွန်မွန်း - ဖာလိုင် - ပန်းကန် - နန့်ပိုလိမ်ထိ လမ်းပိုင်း(၆/၀)မိုင်အား လာမည့်ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ ) ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်နှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တို့ ဆက်သွယ်ထားသည့် ဘွိုင်နု မြစ်ကူးတံတားအား အိန္ဒိယအစိုးရမှ တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ နှင့် မရှိပါက မြန်မာနိုင်ငံ ပြည်ထောင်စုရန်ပုံငွေဖြင့် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ) ဦးဘော်ရယ်စိုးဝေ၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ကယားပြည်နယ်၏ ပြည်ထောင်စုလမ်းမကြီးဖြစ်သော လွိုင်ကော် - မယ်စဲ ကားလမ်းမကြီးမှ လွိုင်ကော် - ဒီးမော့ဆို - ဖရူဆိုမြို့အထိ မိုင်(၂၀)လမ်းပိုင်းအား (၄)လမ်းသွား နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( င ) ဦးစိုင်းစံအောင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ရှမ်းပြည်နယ်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်ဝိုင်မြို့၊ ယောင်ခိုက်ရွာမကျေးရွာနှင့် ဂုန်းပလုပ်ကျေးရွာကြားရှိ နမ့်မားချောင်းပေါ်တွင် ကုန်ထုတ်တံတား ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

၈။ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်က ဆွေးနွေးခြင်း-

-ဦးဝင်းမြင့်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)

၉။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ ရပ်နားကြောင်းနှင့် ဒုတိယနေ့ အစည်းအဝေး  ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။