Share this

ပဉ္စမနေ့ အစီအစဉ် (၁၉ - ၁၁ - ၂၀၁၉)

Tuesday, November 19, 2019 - 08:20
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး 

ပဉ္စမနေ့ အစီအစဉ်

[ ၁၉ - ၁၁ - ၂၀၁၉ ]( အင်္ဂါနေ့ ) နံနက် ၁၀ နာရီ

 

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် ပဉ္စမနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က) ဦးမာန်လောမောင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ မင်းတပ် - ရှစ်- တွီလီ - ဒုတ် မှတစ်ဆင့် ဒုတ် - ခါရှိပ် - မကွီအိမ်နူး မြို့သို့ ဆက်သွယ်ထားသော ဆိုင်ကယ်လမ်းအား ကားလမ်းအဖြစ် အဆင့် တိုးမြှင့် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ ) ဒေါက်တာဝင်းမြင့်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)၏ ပဲခူးတိုင်း ဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်း မြို့အဝင်လမ်းမကြီးအား လမ်းဦးစီးဌာနသို့ လွှဲပြောင်းပေးပြီး အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ ) ဒေါ်ခင်ဆွေလွင်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ချင်းပြည်နယ်အတွက် ဂျပန်နိုင်ငံ JICA မှ လှူဒါန်းထားသော စက်ကြီး(၁၂၀)စီးအား မည်သည့် လုပ်ငန်းအတွက် မည်သို့အသုံးပြုနေသည်ကို သိရှိလိုခြင်းနှင့် သတ်မှတ်ထားသော လုပ်ငန်းများ ပြီးဆုံးသွားပါက ချင်းပြည်နယ်ရှိ မြို့နယ်(၉)မြို့နယ်တွင် အသုံးပြုနိုင်ရန် ခွဲဝေပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်းတို့နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ) ဦးမျိုးဝင်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ပြိုခြင်းနှင့်အတူ ပြင်းထန်စွာ စီးဆင်းလာသော တောင်ကျရေများကြောင့် ပျက်စီးဆုံးရှုံးမှု ကြီးမားစွာ ဖြစ်ပေါ်ခဲ့ရသည့် ရေးမြို့နယ်၊ ရေးမြစ်တစ်လျှောက်ရှိ လမ်းတံတားများ ပြန်လည်ပြုပြင် တည်ဆောက်ရေးအတွက် အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲ ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( င ) ဒေါက်တာကျော်ငွေ၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)၏ မြန်မာ့မီးရထားက တာဝန်ယူ ထိန်းသိမ်းထားရသော ကားလမ်းနှင့် ရထားလမ်း တွဲလျက်ပါသည့် မြစ်ကူး၊ ချောင်းကူးတံတားများပေါ်ရှိ ကားလမ်းများ ပျက်စီးပါက အချိန်တိုအတွင်း ပြုပြင်ပေးနိုင်ရန် သက်ဆိုင်ရာ လမ်းဦးစီးဌာန သို့မဟုတ် BOT စနစ်ဖြင့် ဆောင်ရွက်နေသော ကုမ္ပဏီများသို့ ပြုပြင်ခွင့်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

၆။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီးပေးပို့     ထားသော သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှ ကာကွယ်ပေးမှု ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေး တင်ပြခြင်း။

  ၇။ အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှ ကာကွယ်ပေးမှု ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း။

  ၈။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းခြင်း။ 

  ၉။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား ရှင်းလင်းခြင်း။

၁၀။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေကြမ်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း။

၁၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ ရပ်နားကြောင်းနှင့် ဆဋ္ဌမနေ့ အစည်းအဝေး  ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။