Share this

ပဉ္စမနေ့ အစီအစဉ် (၁၀ - ၅ - ၂၀၁၉)

Friday, May 10, 2019 - 08:25
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး 

ပဉ္စမနေ့ အစီအစဉ်

[ ၁၀ - ၅ - ၂၀၁၉ ]( သောကြာနေ့ ) နံနက် ၁၀ နာရီ

 

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် ပဉ္စမနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားခြင်း -

(က) ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ အခြေခံပညာ ကျောင်းများတွင် ပြဋ္ဌာန်းထားသည့် သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာစကား သင်ကြားမည့် ဆရာ/ဆရာမများ၏ စာသင်ချိန် (၁)နာရီသင်ကြားမှုအတွက် တစ်လ ၃၀၀၀၀ ကျပ် ဖြစ်၍ တစ်ရက်လျှင် ၁၀၀၀ ကျပ် သည် ခေတ်ကာလ ငွေတန်ဖိုးအရ မသင့်လျော်ပါသဖြင့် သင့်လျော်ရာနှုန်းထားသို့ တိုးမြှင့် သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ ) ဦးကျော်မြင့်ဦး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)၏ KG+12 စနစ်ပညာရေး အောင်မြင်နိုင်ရေးအတွက် KG စာသင်ခန်းများ အဆင့် မြှင့်တင်ခြင်း၊ သင်ထောက်ကူပစ္စည်းများ အလုံအလောက် ထောက်ပံ့ခြင်း၊ ဆရာ/ဆရာမများအား လုံလောက်သော သင်တန်းများနှင့် အခွင့်အလမ်းများ ပေးအပ်ခြင်းနှင့် မိဘ၊ ဆရာ/ဆရာမများအား လက်ရှိအခြေအနေထက် ပိုမိုပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် ကျောင်းတိုင်းတွင် ပညာရေး ဆွေးနွေးပွဲများ ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ ) ဦးမောင်မောင်လတ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ မြို့မရပ်ကွက်(၁၃)၊ နန်းဖာလုံ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် (၁၄၀x၃၀)ပေ Steel Structure (၂)ထပ် အဆောင်သစ် ဆောက်လုပ်ပေးပြီး သစ္စာဆောင်ကို အန္တရာယ်ဆောင် သတ်မှတ်၍ ဖျက်သိမ်းပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ) ဦးမင်းဆွေနိုင်၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)၏ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မိုးညှင်းမြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်း အုတ်ကျင်းအား အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း မိုးညှင်းအဖြစ် အမည်ပြောင်းလဲ သတ်မှတ်ပေးနိုင်ခြင်း ရှိ/မရှိနှင့် အဆိုပါ ကျောင်းအတွက် RC (၂)ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း၊

( င ) ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်၊ အိုင်ဘူးရ်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ရှိ အန္တရာယ်ရှိ ကျောင်းဆောင် အဆောင်(၂)အား ပြင်ဆင်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။ 

၆။ ၂၀၁၉ ခုနှစ်၊ အပင်မျိုးသစ် အကာအကွယ်ပေးရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း-

(က) ဒေါက်တာကျော်သန်းထွန်း(ကန်တုန်)၊ 

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)

( ခ ) ဦးစိုးသိန်း(ခ) ဦးမောင်စိုး၊ 

တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)

၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ ရပ်နားကြောင်းနှင့် ဆဋ္ဌမနေ့ အစည်းအဝေး ဆက်လက် ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။