Share this

နဝမနေ့ အစီအစဉ် (၂၂ - ၅ - ၂၀၁၉)

Wednesday, May 22, 2019 - 08:14
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး 

နဝမနေ့ အစီအစဉ်

[ ၂၂ - ၅ - ၂၀၁၉ ]( ဗုဒ္ဓဟူးနေ့ ) နံနက် ၁၀ နာရီ

 

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် နဝမနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က) ဦးထိန်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ငါးဖားကျေးရွာအုပ်စု၊ အင်းမကျေးရွာအနီး ပဆင - တလုတ္ထော် - ထိန်ကုန်းကျော် - ငါးဖား - ကျီးတောကွက် လမ်းပေါ်ရှိ အင်းမတံတားအား သံကူကွန်ကရစ်တံတားအဖြစ် အသစ်ပြန်လည် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ ) ဦးလင်းတင်ဌေး၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကရင်ဝင်းစိန် - ဝဲကူး - တော်ပွန် လမ်းပိုင်းအား ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မြေသားချဲ့ခြင်းနှင့် ကွန်ကရစ်လမ်း ခင်းပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ ) ဦးမောင်ကျော်ဇံ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ အထက်ကျွဲချိုမော်အုပ်စု၊ ကျွဲရိုင်းခတ်အုပ်စု၊ ဒုပြင်ရှည်အုပ်စု၊ ငလှမ်းပြင်အုပ်စု၊ ပအိုးသည်မအုပ်စု၊ ဒုအိုးသည်မအုပ်စု၊ ပေါက်တောကျေးရွာအုပ်စုများရှိ ကျေးရွာများအတွက် လမ်းဦးစားပေးအဆင့် သတ်မှတ်ကာ ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ) ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်၊ နှာဟရိန်မြို့မှ ခွါဟရန်-လေပီး-ခွာသွားနှင့် ရေဇွာမြို့-ဂန့်ဂေါ လမ်းဆုံ နေရာအထိ (၂၃)မိုင်အား ပြည်ထောင်စုလမ်းမကြီး သို့မဟုတ် ပြည်နယ် လမ်းမကြီးအဖြစ် သတ်မှတ်ပေးရန်နှင့် ပေ(၃၀)အကျယ် လမ်းတာချဲ့ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( င ) ဦးဇုန်လှယ်ထန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ချင်းပြည်နယ်၊ ကလေး-ဖလမ်းလမ်းပေါ်ရှိ ထင်ရှူးစခန်းမှ ဘွာလ်ခွါး-ဘဲလွေ-ဆွောင်းဒို-ငါမွာလ်-မွှန်ပီး-ဇောလ်နိုး-ဇောင်ကောင်းလမ်းအား လမ်းတာချဲ့ခြင်းနှင့် လိုအပ်သောနေရာ များတွင် တံတားနှင့်ရေပြွန်များ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( စ ) ဦးကျော်တုတ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ မန္တလေး တိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ဆိတ္ထိန်း - ကမ်းဖြူ - ငါ့သရောက်မြို့ ကျောက်ချောလမ်းကို ကတ္တရာလမ်းအဆင့်သို့ ဘဏ္ဍာရေးနှစ်အလိုက်ပိုင်း၍ ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဆ) ဒေါ်နွယ်နွယ်အောင်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ရေပေးဝေရေးအတွက် JICA (ODA Loan) နှင့် ADB ချေးငွေတို့ဖြင့် ဆောင်ရွက်နေသည့် ရွှေနတ်တောင် ရေလှောင်တမံ စီမံကိန်းမှ မြို့တွင်း ရေပေးဝေရေးလုပ်ငန်းမှာ မည်သည့်အဆင့်ရောက်ရှိနေပြီး၊ မည်သည့်အချိန်တွင် ပြည်သူများအတွက် သန့်ရှင်းရေရရှိရေး မည်သို့ဆောင်ရွက်သွားမည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဇ ) ဒေါက်တာကျော်သန်းထွန်း(ကန်တုန်)၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)၏ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပိုးချည်စီမံကိန်း ခြံ၏ မြေဧရိယာ(၁၁၂)ဧကကို ပုဂ္ဂလိက လုပ်ငန်းရှင်တို့အား ငှားရမ်းခဲ့ပြီး ငှားရမ်းခြင်းစာချုပ် ပျက်ပြယ်စေသည့် ချိုးဖောက်ချက်များအရ ဝန်ကြီးဌာနမှ ပြန်လည်သိမ်းယူ၍ စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာနမှ ပိုးချည်လုပ်ငန်းအား ပြန်လည်ဖော်ထုတ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဈ ) ဒေါ်မမလေး၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် စိုက်ပျိုးသီးနှံ ထွက်ကုန်များအား ဓာတ်ခွဲစမ်းသပ်ရန် ဓာတ်ခွဲခန်းတစ်ခု ခွင့်ပြုချထားပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ည) ဦးအေးမင်းဟန်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ သမဝါယမပိုင်လုပ်ငန်း (၆)ခုမှ ယခင်ကနိုင်ငံတော်သို့ State Income ပေးသွင်းနေသော်လည်း ယခုအခါတွင် အသင်းဌာနများ အကျိုးရှိစေရန် အကြောင်းပြပြီး ပေးသွင်းခြင်း မပြုတော့သည့် ယင်းလုပ်ငန်း(၆)ခုအား စနစ်တကျ ထိန်းသိမ်းထားမှု ရှိ/မရှိ နှင့် နှစ်စဉ် အကျိုးမည်မျှရှိသည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း။

  ၆။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က ၂၀၁၉ ခုနှစ်၊ အပင်မျိုးသစ် အကာအကွယ်ပေးရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းခြင်း။

  ၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ၂၀၁၉ ခုနှစ်၊ အပင်မျိုးသစ် အကာအကွယ်ပေးရေး ဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

  ၈။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ၂၀၁၉ ခုနှစ်၊ အပင်မျိုးသစ် အကာအကွယ်ပေးရေး ဥပဒေကြမ်းကို အတည်ပြုရန် အဆိုတင်သွင်းခြင်းနှင့်  လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံခြင်း။

  ၉။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ၂၀၁၉ ခုနှစ်၊ အပင်မျိုးသစ် အကာအကွယ်ပေးရေး ဥပဒေကြမ်းကို အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၁၀။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ ရပ်နားကြောင်းနှင့် ဒသမနေ့ အစည်းအဝေး ဆက်လက် ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။