Share this

ဆဋ္ဌမနေ့ အစီအစဉ် (၁၅ - ၅ - ၂၀၁၉)

Wednesday, May 15, 2019 - 08:31
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး 

ဆဋ္ဌမနေ့ အစီအစဉ်

 [ ၁၅ - ၅ - ၂၀၁၉ ]( ဗုဒ္ဓဟူးနေ့ ) နံနက် ၁၀ နာရီ

 

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် ဆဋ္ဌမနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က) ဦးထိန်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်းရှိ ပဲကြီးကျွန်း-ပေါက်တပင်-ဆိပ်သာ-ကြွက်ကျွန်း လမ်းကြောင်းအား လွန်ခဲ့သည့် (၂)နှစ်ခန့်က World Bank အကူအညီဖြင့် ဖောက်လုပ်ရန် ကွင်းဆင်း၍ Survey တိုင်းထွာခဲ့သော်လည်း ယနေ့တိုင် အကောင်အထည်ဖော် ဆောင်ရွက်မှု မရှိသေးသဖြင့် မည်သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ ) ဦးကျော်နီနိုင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး လမ်းလယ်ကျွန်းများ ပြုပြင်မွမ်းမံခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ ) ဦးမင်းဆွေနိုင်၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)၏ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားကျေးရွာအုပ်စု၊ နန်းခမ်းကျေးရွာနှင့် လယ်မီး ကျေးရွာအုပ်စု၊ ကျွန်းပင်သာကျေးရွာသို့ ချိတ်ဆက်ထားသော ကျေးရွာချင်းဆက် (ကုန်ထုတ်) မြေသားလမ်းအား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင် ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ) ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ ကယက်- ဆားဒီ - ဝါဒိုင်ကုန်း - ဝါလောင်ကုန်း - ရွှေပြည်ကုန်း - စင်လီ - ပါဆင်းကျေးရွာများကြား     ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကားလမ်းဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( င ) ဦးမာန်လောမောင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ မိတ္ထီလာမြို့မှ နေပြည်တော်သို့ အမြန်လမ်းအဝင်ဂိတ်တွင် ကံကောင်း Mini Toll Gate Class 2 မှ လမ်းမကြီး အသုံးပြုခ ၁၀၀၀ ကျပ် နှင့် နောက်ဂိတ်တစ်ခုတွင် လမ်းဦးစီးဌာနမှ ၂၀၀၀ ကျပ် ကောက်ခံသည့် ငွေကြေးများ မည်မျှရရှိသည်၊ နိုင်ငံတော်အတွက် မည်သို့အသုံးပြုသည်ကို ပွင့်လင်းမြင်သာမှုရှိပြီး ပြည်သူများသိရှိအောင် စာရင်းရှင်းတမ်း ထုတ်ပြန်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

 ( စ ) ဦးမောင်မောင်လတ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ တည်ဆဲဥပဒေနှင့်နည်းဥပဒေများကို ချိုးဖောက်၍ သတ္တုကျောက်မီးသွေးများ စုပုံသယ်ယူနေခြင်းနှင့် ခွင့်ပြုချက်မရဘဲ မြေလွတ်၊ မြေရိုင်းများ အရောင်းအဝယ် ပြုလုပ်ခဲ့ခြင်းအား ဥပဒေအရ အရေးယူဆောင်ရွက် ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဆ) ဒေါက်တာခွန်ဝင်းသောင်း၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ တစ်သျှူးငှက်ပျောများ ထပ်မံတိုးချဲ့စိုက်ပျိုးခြင်း မပြုရဟူသည့် ကချင်ပြည်နယ် အစိုးရ၏ တားမြစ်ချက်ကို ဖောက်ဖျက်ပြီး ကချင်ပြည်နယ်၊ မိုးမောက် မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့၊ တာဆိုင်၊ တိန်းပကျိုင်းကျေးရွာ ဒေသတစ်ဝိုက်တွင် သတ္တုတူးဖော်ရေးလုပ်ငန်းအမည်ခံ ပန်းမြတ်မာလာ ကုမ္ပဏီမှ တရားမဝင် စိုက်ပျိုးလုပ်ကိုင်နေခြင်းအပေါ် အမြန်ဆုံးအရေးယူ ဖြေရှင်းပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

 ( ဇ ) ဦးအေးမင်းဟန်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ မြန်မာ့ဆားလုပ်ငန်း ဖွံဖြိုးတိုးတက်လာရန်နှင့် နိုင်ငံတကာအဆင့်မီ စားပွဲတင်ဆားများ ထုတ်လုပ် နိုင်ရန်အတွက် နိုင်ငံတော်မှ ထိရောက်သည့် နည်းပညာနှင့် အရင်းအနှီးများ ပံ့ပိုးပေးရန်၊ ပြည်ပမှ တရားမဝင် ဝင်ရောက်လာသော ဆားများကို တားဆီး ပေးရန်နှင့် ဆားကို ကုန်ကြမ်းအဖြစ် အသုံးပြုပြီး ကုန်ချောထုတ်လုပ်သည့် စက်မှုလုပ်ငန်းများ တည်ထောင်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။ 

၆။ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးက ပြည်ထောင်စုတရားစီရင်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်သို့ တင်သွင်းခြင်း။ 

၇။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က ပြည်ထောင်စုတရားစီရင်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏  အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းခြင်း။

  ၈။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်ထောင်စုတရားစီရင်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း။

  ၉။ ဦးမောင်မောင်အုန်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ မြန်မာ့ ပင်လယ်ဆိပ်ကမ်း တစ်ခုဖြစ်သော ရခိုင်ပြည်နယ်၊ မဒေးကျွန်း ရေနက်ဆိပ်ကမ်းမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရေနံစိမ်းများကို ပိုက်လိုင်းမှတစ်ဆင့် သယ်ယူရန် အတွက် တန်ချိန်သုံးသိန်းခန့်အရွယ်ရှိ ဧရာမဆီတင်သ‌ေင်္ဘာကြီးများ ယင်းဆိပ်ကမ်းသို့ ဝင်ရောက်လျက်ရှိရာ၊ ကြီးမားသည့် မတော်တဆ ထိခိုက်မှုအန္တရာယ်များ အချိန်မရွေး ဖြစ်ပေါ်စေနိုင်ပြီး၊ ပမာဏများပြားသော ဆီယိုဖိတ်မှုများ (Heavy Oil Pollution) ဖြစ်ပေါ်နိုင်စေရာ ပင်လယ်ကမ်းရိုးတန်းနှင့် ဆက်စပ်လျက်ရှိသည့် ပြည်နယ်၊ တိုင်းဒေသကြီးများ၏ သဘာဝသယံဇာတနှင့် အကျိုးစီးပွားများကို ကာကွယ်ပေးနိုင်ရန်အတွက် ပြည်ထောင်စုအစိုးရမှ အချိန်မီနှင့်အမြန်ဆုံး အန္တရာယ် ကာကွယ်တားဆီးရေးကိစ္စများကို ကြိုတင်စီမံခြင်းနှင့် ပြည့်စုံလုံလောက်သော ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များကိုလည်း အချိန်နှင့်တစ်ပြေးညီ စီမံရေးဆွဲ ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို အောက်ပါ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း-

(က)ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)

( ခ )ဦးအေးမင်းဟန်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)

( ဂ )ဒေါ်သီရိရတနာ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)

(ဃ)ဒေါ်နွယ်နွယ်အောင်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)

( င )ဒေါ်ရွှေရွှေစိန်လတ်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)

၁၀။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ရပ်နားကြောင်းနှင့် သတ္တမနေ့ အစည်းအဝေး ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။