ပြည်တွင်း ပြည်ပခရီးစဉ်

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E.Madam Nguyen Thi Kim Ngan ၏ဖိတ်ကြားချက်အရ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် အဖွဲ့သည် ဗီယက်နမ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးထွက်ခွာခဲ့ရာ ဟိုချီမင်းမြို့သို့ မေလ ၁၀ ရက် ဒေသစံတော်ချိန် ည ၈နာရီခွဲတွင် ရောက်ရှိကြသည်။

ပြည်တွင်း ပြည်ပခရီးစဉ်

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E.

ပြည်တွင်း ပြည်ပခရီးစဉ်

ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်း ခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ဖိလစ်ပိုင်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌနှင့် အာဆီယံပါလီမန်များညီလာခံ (AIPA) အလှည့်ကျဥက္ကဋ္ဌ H.E.

ပြည်တွင်း ပြည်ပခရီးစဉ်

ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့သည်  ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ဧပြီ ၂၇ ရက်မှ ၃၀ ရက်အထိ ကျင်းပမည့် အာဆီယံပါလီမန်ခေါင်းဆောင်များ၏ အကြိုညှိနှိုင်းအစည်းအဝေးနှင့် 30th ASEAN SUMMIT အစည်းအဝေးတွင်ပါဝင်သည့် ASEAN-AIPA Interface သို့တက်ရောက်ရန် (၂၇.၄.၂၀၁၇) ရက်နေ့ နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့်ထွက်ခွာသွားရာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် တာဝန်ရှိသူတို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ပြည်တွင်း ပြည်ပခရီးစဉ်

အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့်အဖွဲ့အား (၁၀-၄-၂၀၁၇) ရက်နေ့ ဒေသစံတော်ချိန် နံနက် ၈:၃၀ နာရီက ဂျပန်နိုင်ငံ Okura Hotel  ၌ Okura Hotel အကြီးအမှူး Mr. Toshihiro၊ ဒုတိယအကြီးအမှူးနှင့် ဂျပန်နိုင်ငံ နိုင်ငံတကာ ဟိုတယ်လုပ်ငန်းရှင်များအုပ်စုတို့က နံနက်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ပြည်တွင်း ပြည်ပခရီးစဉ်

အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်သန်းငွေတို့သည် အိန္ဒိယသမ္မတနိုင်ငံ၊ ဒေလီမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၂)ကြိမ်မြောက် အနာကြီးရောဂါရှင်များအား မနှစ်မြို့မှုနှင့် ခွဲခြားဆက်ဆံရေးအတွက် ကမ္ဘာလုံး ဆိုင်ရာပန်ကြားချက် (၂၀၁၇)ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ရာမှ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၀၈:၄၅ နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ရာ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ ကြိုဆိုခဲ့ကြပါသည်။

ပြည်တွင်း ပြည်ပခရီးစဉ်

အမျိုးသားလွှတ်တော်ဒုတိဥက္ကဋ္ဌ ဦးအေးသာအောင်သည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်သန်းငွေနှင့်အတူ (၃၀.၁.၂၀၁၇) ရက်နေ့ နံနက်ပိုင်းတွင် အိန္ဒိယသမ္မတနိုင်ငံ၊ ဒေလီမြို့ Taj Palace Hotel ရှိ Shanjehan, Ballroom တွင် ပြုလုပ်သည့်  (၁၂) ကြိမ်မြောက် အနာကြီးရောဂါရှင်များအား မနှစ်မြို့မှုနှင့် ခွဲခြားဆက်ဆံမှု အဆုံးသတ်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာပန်ကြားချက် (၂၀၁၇) ခုနှစ် ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး Nippon Foundation မှတာဝန်ရှိသူများ၊ WHO မှ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြပါသည်။ နေ့လည်ပိုင်းတွင် ဆွေးနွေးပွဲသို့တက်ရောက်လာသည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ် များ ဆွေးနွေးခြင်းအစီအစဉ်

ပြည်တွင်း ပြည်ပခရီးစဉ်

အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်သည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်သန်းငွေနှင့်အတူ အိန္ဒိယသမ္မတနိုင်ငံ ဒေလီမြို့ Taj Palace Hotel ရှိ Shahjehan Ballroom တွင် ဇန်နဝါရီ ၂၉ ရက် ညနေ ၆ နာရီက ကျင်းပသည့် အိန္ဒိယနိုင်ငံ Sasakawa Leprosy Foundation မှ အိန္ဒိယနိုင်ငံ အနာကြီးရောဂါဝေဒနာရှင်များ စုပေါင်းနေထိုင်သည့် ကျေးရွာများမှ ရွာသူရွာသားအချို့အား ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။