စမ်းသပ်ထုတ်လွှင့်ခြင်းဖြစ်ပါသည်။

၁။ အကြိမ် - ဒုတိယအကြိမ်
၂။ အမည် - ဦးတင်မောင်ဝင်း
၃။ အခြားအမည်ရှိလျှင် - -
၄။ လူမျိုး/ဘာသာ - ဗမာ/ဗုဒ္ဓဘာသာ
၅။ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် - ၅/မလန(နိုင်)၀၀၂၂၉၅
၆။ မွေးသက္ကရာဇ် / အသက် - ၂၁-၀၂-၁၉၅၅ / (၆၃) နှစ်
၇။ မွေးဖွားရာဇာတိ - ကင်းတပ်ကျေးရွာ၊ မော်လိုက်မြို့
၈။ ပညာအရည်အချင်း - ဒသမတန်း(ခ)အောင်
၉။ လက်ရှိအလုပ်အကိုင် - Electronic Service
၁၀။ အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဦးညိုဦး၊ ၅/မလန(နိုင်)၀၀၈၈၉၁၊ (ကွယ်လွန်)
၁၁။ အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဒေါ်သန်းကြည်၊ ၅/မလန(နိုင်)၀၀၈၈၉၂
၁၂။ ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဒေါ်တင်မိမိခိုင်၊ ၅/မလန(နိုင်) ၀၀၂၂၉၇၊ မှီခို
၁၃။ သား / သမီးအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - (၁) မောင်ဒီမိုဝင်း၊ ၅/မရန(နိုင်)၁၉၁၄၀၈၊ ကွန်ပျူတာ/ဒီဇိုင်း (၂) မောင်ဒီမိုလင်း၊ ၅/မလန(နိုင်) ၀၃၃၄၉၁၊ Electronic (၃) မောင်ဒီမိုအောင်၊ ၅/မလန(နိုင်) ၀၄၀၅၆၂၊ ဆိုင်ကယ်ပြင် (၄) မောင်ငွေမင်းစိုး၊ ၅/မလန(နိုင်) ၀၄၃၃၃၅၊ ရွှေပန်းတိမ်
၁၄။ အမြဲတမ်း နေရပ်လိပ်စာ - ဗိုလ်ချုပ်လမ်းနှင့် ပတ္တမြားလမ်းထောင့်၊ ကျောင်းမြောက်ရပ်၊ မော်လိုက်မြို့
၁၅။ ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
၁၆။ ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် - မဲဆန္ဒနယ်အမှတ်(၁၀)
ကိုယ်ရေး အကျဉ်း: 

၁၉၆၀ ခုနှစ်မှ ၁၉၆၆ ခုနှစ်အထိ ကင်းတပ် အ.လ.ကတွင် မူလတန်း/ စတုတ္ထတန်းထိလည်းကောင်း၊ ၁၉၆၆ ခုနှစ်မှ ၁၉၇၀ ခုနှစ်အထိ မော်လိုက် အ.ထ.ကတွင် အလယ်တန်း/အဋ္ဌမတန်းထိလည်းကောင်း၊ ၁၉၇၀ ခုနှစ်မှ ၁၉၇၃ခုနှစ်အထိ မော်လိုက် အ.ထ.ကတွင် အထက်တန်း/ ဒသမတန်း(ခ) အောင်သည်ထိ ပညာသင်ကြားခဲ့ပါသည်။၁၉၇၃ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ ကလေးဝမြို့ ကုန်သွယ်လယ်ယာတွင် နေ့စားလပေးအဖြစ်လည်းကောင်း၊ ၁၉၇၄ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ ကလေးမြို့ မြို့နယ်သမဝါယမအသင်းတွင် စာရေးအဖြစ်လည်းကောင်း၊ ၁၉၈၀ ခုနှစ် မှ ၁၉၈၃ ခုနှစ်အထိ သူဌေးလောင်း ထီဆိုင်ပိုင်ရှင် အဖြစ်လည်းကောင်း၊ ၁၉၈၃ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ Electronic ပိုင်ရှင် အဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့ပါသည်။

၁၉၈၈ ခုနှစ်၊ မော်လိုက်မြို့နယ်၊ ၈ လေးလုံးအရေးတော်ပုံ၊ (၆)ဦး ကော်မတီဝင်အဖြစ်လည်းကောင်း၊ ၁၉၈၉ ခုနှစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ မြို့နယ်စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊၁၉၉၀ ခုနှစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းစည်းရုံးရေးအဖွဲ့ဝင်၊ ၁၉၉၀ ခုနှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ၂၀၀၁ ခုနှစ်၊  Consturctic Engagement  ကာလ အထက်ချင်းတွင်းဒေသ ပြန်လည်ဖွဲ့စည်းရေးကော်မတီဝင်အဖြစ်လည်းကောင်း၊ ၂၀၁၂ ခုနှစ်၊ ခရိုင်ညီလာခံကျင်းပရေးကော်မရှင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ၂၀၁၃ ခုနှစ်၊ ခရိုင်အလုပ်အမှုဆောင်အဖွဲ့၊ ဥက္ကဋ္ဌ ၊ ဗဟိုညီလာခံကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့ပါသည်။

မှတ်ချက်

တိုင်း/ပြည်နယ်: 
စစ်ကိုင်းတိုင်းဒေသကြီး
မဲဆန္ဒနယ်: 
မဲဆန္ဒနယ်အမှတ်(၁၀)
ပါတီ: 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
မဲဆန္ဒနယ် မြေပုံ: