စမ်းသပ်ထုတ်လွှင့်ခြင်းဖြစ်ပါသည်။

၁။ အကြိမ် - ဒုတိယအကြိမ်
၂။ အမည် - ဦးကျော်သိန်း
၃။ အခြားအမည်ရှိလျှင် - မရှိပါ
၄။ လူမျိုး/ဘာသာ - ရခိုင် /ဗုဒ္ဓဘာသာ
၅။ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် - ၁၁/မတန(နိုင်) ၀၁၀၀၄၃
၆။ မွေးသက္ကရာဇ် / အသက် - ၁၁-၀၃-၁၉၅၄ / (၆၄) နှစ်
၇။ မွေးဖွားရာဇာတိ - သက်ရက်အုပ်ကျေးရွာအုပ်စု၊ ပီယေရွာ၊ မောင်တောမြို့
၈။ ပညာအရည်အချင်း - L.LB- ဥပဒေဘွဲ့
၉။ လက်ရှိအလုပ်အကိုင် - အထက်တန်းရှေ့နေ
၁၀။ အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဦးအောင်ရွှေစိန် (ကွယ်လွန်) ၁၁/မတန(နိုင်) ၀၀၆၈၇၂
၁၁။ အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဒေါ်မသိန်းခိုင်(ကွယ်လွန်) ၁၁/မတန(နိုင်) ၀၀၅၇၆၁
၁၂။ ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဒေါ်ရွှေညွန့် ၊ ၁၁/မတန(နိုင်) ၀၀၆၄၇၁ အ.ထ.ကပြ(ငြိမ်း)
၁၃။ သား / သမီးအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - (၁) မခင်ချိုချိုသိန်း ၊ ၁၁/မတန(နိုင်) ၀၁၂၃၈၀၊ ပညာရေး သ/မစာရေး (၂) မောင်ထွန်းသူရိန်သိန်း၊ ၁၁/မတန(နိုင်) ၀၁၃၆၆၄ (၃) မောင်နိုင်တေဇာသိန်း၊ ၁၁/မတန(နိုင်) ၀၁၃၆၆၅၊ (၄) မောင်ညီဇေယျာသိန်း၊ ၁၁/မတန(နိုင်) ၀၁၅၈၉၉၊ (၅) မောင်တိုးဝေယံသိန်း၊ ၁၁/မတန(နိုင်) ၀၁၆၀၈၀၊ (၆) မယုဇင်မာသိန်း၊ ၁၁/မတန(နိုင်) ၀၁၅၉၀၀ ၊ (မူပြ)
၁၄။ အမြဲတမ်း နေရပ်လိပ်စာ - မြို့မမြောက်ရပ်ကွက်၊ ဝိမလ၊ မောင်တောမြို့
၁၅။ ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ - ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၁၆။ ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် - မဲဆန္ဒနယ်အမှတ်(၇)
ကိုယ်ရေး အကျဉ်း: 

၁၉၆၀ မှ ၁၉၆၈ ထိ အ.လ.က(၁)၊ ၁၉၆၉ မှ ၁၉၇၂ ထိ အ.ထ.က၊ ၁၉၇၉ မှ ၁၉၈၄ ထိ စစ်တွေကောလိပ်တွင် စာပေးစာယူဖြင့် ဥပဒေဘွဲ့ကို သင်ယူရရှိခဲ့ပါသည်။

၁၉၇၃ခုတွင် ရ.ပ.က စာရေးအဖြစ်လည်းကောင်း၊ ၁၉၇၅ ခုနှစ်တွင် ထွေ/အုပ် ရုံးစာရေးအဖြစ်လည်းကောင်း၊ ၁၉၇၃ခုနှစ်တွင် မြို့နယ် အလုပ်သမားအစည်းအရုံး တွဲ/မှူးအဖြစ် လည်းကောင်း၊ ၁၉၈၅ ခုနှစ်တွင် အလုပ်သမားအစည်းအရုံး အတွင်းရေးမှူးနှင့် ပါတီယူနစ်အရန်ကော်မတီဝင် အဖြစ်လည်းကောင်း၊ ၁၉၈၉ ခုနှစ် တစညပါတီ အလုပ်သမားတာဝန်ခံအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့ပြီး ၁၉၉၃ခုနှစ်တွင် တစညပါတီမှ နုတ်ထွက်ကာ မောင်တောနယ်စပ် ကုန်သည်များအသင်းတွင် မန်နေဂျာအဖြစ်နှင့် ဥပဒေ အကြံပေးအဖြစ် လုပ်ကိုင်ခဲ့ပါသည်။ ၂၀၀၈ ခုနှစ် ကုန်သည်အသင်းဗဟို အလုပ်အမှုဆောင်ဝင်အဖြစ် လည်းကောင်း၊ ၂၀၁၂ ခုနှစ်တွင် ဒုဥက္ကဋ္ဌအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၁၅ ခုနှစ်တွင် ကုန်သည်အသင်းမှ နုတ်ထွက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ ဝင်ရောက်ကာ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပသည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အမှတ်(၇)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်းခံရပါသည်။ ၁၉၈၃ ခုနှစ် မဆလပါတီတွင် အလုပ်သမားအစည်းအရုံးတွဲမှူး/ အတွင်းရေးမှူးနှင့် အရန်ပါတီယူနစ်ကော်မတီဝင် အဖြစ်ထမ်းဆောင်ခဲ့ပြီး၊ မြို့နယ်ဖွံ့/ထောက် ဥက္ကဋ္ဌတာဝန်၊ ဘာသာရေး၊ နာရေးနှင့် လူမှုကူညီရေး အသင်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ကျွန်သည်မြို့နယ်အတွင်း၊ ဘာသာရေး/လူမှုရေးလုပ်ငန်းဖြစ်သော တရားပွဲကျင်းပရေးကော်မတီဝင်၊ နာရေးကူညီမှုအသင်းဒုဥက္ကဋ္ဌ၊ စာကြည့်တိုက်ကော်မတီ ဒုဥက္ကဋ္ဌ၊ မောင်တော ခရိုင်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ၊ ခရိုင်အမျိုးသားကူညီစောင့်ရှောက်ရေးအဖွဲ့တို့တွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ပါသည်။

 ၁၉၈၇ ခုနှစ်တွင် နိုင်ငံတော်ကောင်စီမှ ချီးမြှင့်သော ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးဆုတံဆိပ်ကို လက်ခံရရှိခဲ့ပါသည်။

မှတ်ချက်

တိုင်း/ပြည်နယ်: 
ရခိုင်ပြည်နယ်
မဲဆန္ဒနယ်: 
မဲဆန္ဒနယ်အမှတ်(၇)
ပါတီ: 
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
မဲဆန္ဒနယ် မြေပုံ: