စမ်းသပ်ထုတ်လွှင့်ခြင်းဖြစ်ပါသည်။

၁။ အကြိမ် - ဒုတိယအကြိမ်
၂။ အမည် - ဒေါ်နွယ်နွယ်အောင်
၃။ အခြားအမည်ရှိလျှင် - မရှိပါ
၄။ လူမျိုး/ဘာသာ - ဗမာ/ဗုဒ္ဓဘာသာ
၅။ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် - ၁၀/မလမ(နိုင်) ၀၂၄၇၂၃
၆။ မွေးသက္ကရာဇ် / အသက် - ၂၉-၀၉-၁၉၅၆ / (၆၂) နှစ်
၇။ မွေးဖွားရာဇာတိ - ထားဝယ်မြို့
၈။ ပညာအရည်အချင်း - B.A(Law), LL.B
၉။ လက်ရှိအလုပ်အကိုင် - တရားလွှတ်တော်ရှေ့နေ
၁၀။ အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဦးသိန်းအောင်၊ ၁၂/ဗဟန(နိုင်) ၀၈၁၅၇၄၊ လ/ထကျန်းမာရေးမှူး (ငြိမ်း)
၁၁။ အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဒေါ်သိန်းမြင့်၊ ၁၂/ဗဟန(နိုင်) ၀၃၂၇၄၀၊ မူလတန်းပြဆရာမ(ငြိမ်း)၊ ကွယ်လွန်
၁၂။ ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဦးမြင့်သိန်း၊ ၁၀/မလမ(နိုင်) ၀၂၄၇၄၀၊ ကုန်သည်
၁၃။ သား / သမီးအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - (၁) ဦးကျော်စည်သူမြင့်၊ ၁၀/မလမ (နိုင်) ၁၃၉၆၀၂၊ သင်္ဘောပထမအရာရှိ (၂) ဒေါ်ဖြူဖြူခိုင်၊ ၁၀/မလမ(နိုင်) ၁၃၉၄၈၅၊ အကြီးတန်းအင်ဂျင်နီယာ
၁၄။ အမြဲတမ်း နေရပ်လိပ်စာ - အမှတ်(၁/စီ)၊ သမာဓိလမ်း၊ ဈေးကြိုရပ်၊ မော်လမြိုင်မြို့
၁၅။ ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
၁၆။ ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် - မဲဆန္ဒနယ်အမှတ်(၂)
ကိုယ်ရေး အကျဉ်း: 

သူငယ်တန်းမှ စတုတ္ထတန်းအထိ ဇရစ်ရပ်၊ အခြေခံမူလတန်းကျောင်းတွင် လည်းကောင်း၊ ပဉ္စမတန်းမှ ဒသမတန်းအထိ ထားဝယ်မြို့ အစိုးရအထက်တန်းကျောင်းအမှတ်(၁)တွင်လည်းကောင်း၊ ဥပဒေ(ပထမနှစ်)မှ ဥပဒေ(ပဉ္စမနှစ်) အထိ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်တို့တွင်လည်းကောင်း ပညာသင်ကြားခဲ့ပါသည်။

၁၉၇၆ ခုနှစ်မှ ၁၉၈၀ ခုနှစ်အထိ အထက်တန်းရှေ့နေအဖြစ် လည်းကောင်း၊ ၁၉၈၀ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ တရားလွှတ်တော်ရှေ့နေ အဖြစ်လည်းကောင်း၊ ၂၀၁၃ ခုနှစ်မှ ၁၇-၇-၂၀၁၅ ရက်နေ့အထိ စီမံကိန်းမန်နေဂျာ၊ ‌မော်လမြိုင်တရားမျှတမှု စင်တာတွင်လည်းကောင်း၊ ၂၀၁၅ ဇူလိုင်မှ ယနေ့အထိ တရားလွှတ်တော်ရှေ့နေအဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့ပါသည်။

၁၉၈၈ ခုနှစ် စက်တင်ဘာလမှစပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် မော်လမြိုင်မြို့နယ် အလုပ်အမှုဆောင်အဖြစ်လည်းကောင်း၊ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှစ၍ မော်လမြိုင်အလုပ်အမှုဆောင်ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ မွန်ပြည်နယ်ပါတီစည်းကမ်းထိန်းသိမ်းရေး အဖွဲ့ခေါင်းဆောင်အဖြစ်လည်းကောင်း တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။

ထားဝယ်အသင်း(မော်လမြိုင်)တွင် အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ယခုလက်ရှိတွင် သဘာပတိအဖွဲ့ဝင်အဖြစ်လည်းကောင်း လူမှုရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

မော်လမြိုင်မြို့ရှေ့နေများအသင်းတွင် ၁၉၈၈ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင် အသင်း ဒု-ဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

မှတ်ချက်

တိုင်း/ပြည်နယ်: 
မွန်ပြည်နယ်
မဲဆန္ဒနယ်: 
မဲဆန္ဒနယ်အမှတ်(၂)
ပါတီ: 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
မဲဆန္ဒနယ် မြေပုံ: