စမ်းသပ်ထုတ်လွှင့်ခြင်းဖြစ်ပါသည်။

၁။ အကြိမ် - ပထမအကြိမ်
၂။ အမည် - ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ်
၃။ အခြားအမည်ရှိလျှင် - စိုင်းဆိုင်ကျောက်
၄။ လူမျိုး/ဘာသာ - ရှမ်း/ဗုဒ္ဓဘာသာ
၅။ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် - ၁၃/တကန(နိုင်)၀၁၀၅၄၈
၆။ မွေးသက္ကရာဇ် / အသက် - ၂၂-၁၀-၁၉၅၁ / (၆၇) နှစ်
၇။ မွေးဖွားရာဇာတိ - ကျိုင်းတုံမြို့
၈။ ပညာအရည်အချင်း - B.V.S(Rgn) Dip in French
၉။ လက်ရှိအလုပ်အကိုင် - အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
၁၀။ အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဦးဆမ် (ကွယ်လွန်)
၁၁။ အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဒေါ်နန်းဝိုးကြိမ်(ကွယ်လွန်)
၁၂။ ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဒေါ်နန်းဝိုးခမ်း/၁၃ကတန(နိုင်) ၀၁၀၅၄၉ ၊ မှီခို
၁၃။ သား / သမီးအမည် / မှတ်ပုံတင်အမှတ် / လုပ်အကိုင် - (၁) ဒေါက်တာနန်းစန်ဖောင်းဆမ်၊ ၁၃/ကတန(နိုင်)၁၁၅၈၂၉၊ဆရာဝန် (၂) နန်းဆုမွန်းဆမ်၊ ၁၃/ကတန(နိုင်)၁၁၅၈၃၀၊ ကျောင်းသူ (M.E Thesis)
၁၄။ အမြဲတမ်း နေရပ်လိပ်စာ - ၆၄၊လွယ်မွေလမ်း၊ရပ်ကွက်(၂)ကျိုင်းတုံမြို့
၁၅။ ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ - ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၁၆။ ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် - မဲဆန္ဒနယ်အမှတ်(၆)
ကိုယ်ရေး အကျဉ်း: 

(က) ပညာသင်ကြားခဲ့ဖူးသောကျောင်းများကိုဖော်ပြရန်-

၁၉၅၅ မှ ၁၉၆၃ အထိ စိန်မေရီအထက်တန်းကျောင်း ကျိုင်းတုံ

၁၉၆၄ မှ ၁၉၆၇ အထိ အ.ထ.က (၂) ကျိုင်းတုံမြို့

၁၉၆၇ – ၆၈ ပညာသင်နှစ် အ.ထ.က(၄)အလုံ ၊ ရန်ကုန်မြို့

၁၉၆၈ မှ ၁၉၇၄ အထိ တိရစ္ဆာန်မွေးမြူရေးနှင့်ဆေးကုသရေးတက္ကသိုလ် ၊ အင်းစိန်၊ ရန်ကုန်မြို့ ၊

၁၉၇၆ မှ ၁၉၇၈ အထိ နိုင်ငံခြားဘာသာသိပ္ပံတက္ကသိုလ်၊ ရန်ကုန် (ပြင်သစ်ဘာသာ)

(ခ) လုပ်ကိုင်ခဲ့ဖူးသည့်အလုပ်အကိုင် ၊ ပြောင်းရွှေ့နေထိုင်ခဲ့သည့်နေရာဌာနများဖော်ပြရန် – 

၁၉၇၈ မှ ၁၉၈၀ အထိ မောက်မယ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တွင် မြို့နယ်ဦးစီးမှူး တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ပုတ်ပြတ်တိကုဆရာဝန်ဖြင့် စတင်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ၁၉၈၀ခုနှစ်တွင် ကျိုင်းတုံမြို့ သို့ ပြောင်းရွှေပြီး မွေးကုဦးစီးဌာန၌ပင် ၁၉၉၈ထိ တာဝန်ထမ်းဆောင်ပါသည်။ ၁၉၉၅ – ၉၆ခုနှစ်တွင် မွေးမြူရေး အစားအစာနှင့်နို့ထွက်ပစ္စည်း လုပ်ငန်းတွင် ခြံမန်နေဂျာလုပ်ငန်းတာဝန်ကို ပါတာဝန် ယူဆောင်ရွက်ရပါသည်။၁၉၈၂ မှ ၁၉၈၈ အထိ ကျိုင်းတုံမြို့နယ်တွင် မြို့နယ်ကောင်စီဝင် (အချိန်ပိုင်း) လုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။

(ဂ) ပြည်ပခရီးစဉ် မှတ်တမ်း

စဉ် မှ ထိ သွားရောက်
သည့်နိုင်ငံများ
သွားရောက်
သည့်ကိစ္စ
မည်သည့်အစိုးရ
အဖွဲ့အစည်းအထောက်
အပံ့ဖြင့်သွားရောက်
သည်
၁၅.၁၀.၁၂ ၁၉.၁၀.၁၂ အိန္ဒိယ အိန္ဒိယပါလီမန်လေ့လာရေး နိုင်ငံတော်

(ဃ) ထမ်းဆောင်ခဲ့ဖူးသည့် နိုင်ငံရေး/လူမှုရေးလုပ်ငန်းဆောင်ရွက်ချက်များဖော်ပြရန် –

လူမှုရေးလုပ်ငန်းများဖြစ်သည့် အထက (၂)ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဘဏ္ဍာရေးမှူး၊ကျိုင်းတုံမြို့မ စျေးကြီး အတွင်းရေးမှူး ၊ ကျိုင်းတုံဘိုးဘွားရိပ်သာ ဘဏ္ဍာရေးမှူး ၊ ကျိုင်းတုံမြို့နယ် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင် အသင်း၏စာရင်းစစ်၊ ကျိုင်းတုံမြို့နယ်သာသနာဒုဂ္ဂဟအသင်း ဥက္ကဋ္ဌနှင့်မြို့နယ်မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း၏ ဘဏ္ဍာရေးမှူးလုပ်ငန်းများလုပ်ငန်းများ လုပ်ဆောင်ခဲ့ပါသည်။ယခုအထိ ဘိုးဘွား ရိပ်သာဘဏ္ဍာရေးမှူးနှင့်မြို့နယ်လူမှုကူညီစောင့်ရှောက်ရေးအသင်း၊မြို့နယ်ဂေါပက အဖွဲ့တို့တွင် ကူညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။

(င) ချီးမြှင်ခံရသောဘွဲ့ထူး ၊ ဂုဏ်ထူး –

မရှိပါ

(စ) အခြားဖော်ပြရန်ရှိသည်များ –

မရှိပါ

တိုင်း/ပြည်နယ်: 
ရှမ်းပြည်နယ်
မဲဆန္ဒနယ်: 
မဲဆန္ဒနယ်အမှတ်(၆)
ပါတီ: 
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
မဲဆန္ဒနယ် မြေပုံ: