စမ်းသပ်ထုတ်လွှင့်ခြင်းဖြစ်ပါသည်။

Share this

အဋ္ဌမနေ့ အစီအစဉ် (၁၀ - ၈ - ၂၀၁၈)

Friday, August 10, 2018 - 09:14
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးနဝမပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမ ပုံမှန်အစည်းအဝေး 

အဋ္ဌမနေ့ အစီအစဉ်

[ ၁၀ - ၈ - ၂၀၁၈ ]( သောကြာနေ့ ) နံနက် ၁၀ နာရီ

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် အဋ္ဌမနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားခြင်း -

(က) ဦးဌေးဦး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ မြန်မာနိုင်ငံ၌ မျက်စိရောဂါများနှင့် စပ်လျဉ်း၍ အကြီးမားဆုံး ဆေးရုံဖြစ်သည့် ရန်ကုန်မျက်စိရောဂါ အထူးကုဆေးရုံကြီးတွင် အမှန်တကယ် ကုသနေရသည့် ဝန်နှင့်အားကို မျှတနိုင်စေရန် လိုအပ်နေသည့် သူနာပြုများနှင့် ဘဏ္ဍာငွေများအား နိုင်ငံတော်မှ ဖြည့်ဆည်းပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ ) ဦးကျော်သောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၏ ဆေးရုံစည်းကမ်းများကို လူနာစောင့်နှင့် ဧည့်သည်များ သိရှိနားလည်ပြီး လိုလိုချင်ချင် လိုက်နာကြရန်အတွက် ပညာပေးကာလ သတ်မှတ်ပြီး စည်းရုံး ရှင်းပြရန်  အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ ) ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်ချောင်းတိုက်နယ်၊ အနောက်ရွာကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ) ဦးကိုကိုနိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ မြို့နယ်ပေါင်း (၃၃၀) ရှိသည့်အနက် မြို့နယ်ငယ်လေးများရှိ (၂၅)ခုတင်ဆံ့ ဆေးရုံများနှင့် ကျေးရွာများရှိ (၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် T.M.O များ၊ A.S လက်ထောက် ဆရာဝန်များအနေဖြင့် လက်ရှိတာဝန်ကျရာ ဆေးရုံမှ အခြားဒေသရှိ ဆေးရုံများသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန် အမိန့်ကျလာသည့်အခါ ၄င်းတို့ကိုယ်စား တာဝန်ထမ်းဆောင်ရမည့် T.M.O, S.M.O , A.S ဆရာဝန်များ ရောက်ရှိမှသာ အခြားဒေသဆေးရုံများသို့ ပြောင်းရွှေ့ခွင့်ပြုရန် သက်ဆိုင်ရာဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်ထားခြင်း ရှိ/မရှိ သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( င ) ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့နှင့် မီးဇာကျေးရွာတို့ရှိ တိုက်နယ်ဆေးရုံတို့တွင် အရေးပေါ် လူနာတင်ယာဉ်တစ်စီးစီနှင့် ဒီဇယ်မီးစက်တစ်လုံးစီ ချထားပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

၆။ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်က ဆွေးနွေးခြင်း-

-ဒေါက်တာမြသောင်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)

၇။ ဦးအောင်သိန်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)က ရာဇသတ်ကြီးကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က လက်ခံဆွေးနွေးရန် အဆိုတင်သွင်းခြင်းနှင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံခြင်း။

၈။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရာဇသတ်ကြီးကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား လက်ခံဆွေးနွေးရန် သင့်/မသင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၉။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန် အစည်းအဝေး အဋ္ဌမနေ့ ရပ်နားကြောင်းနှင့် နဝမနေ့အစည်းအဝေး  ဆက်လက် ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။