Share this

ဒသမနေ့ အစီအစဉ် (၈ - ၂ - ၂၀၁၉)

Friday, February 8, 2019 - 08:17
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

ဒသမနေ့ အစီအစဉ်

[ ၈ - ၂ - ၂၀၁၉ ]( သောကြာနေ့ ) နံနက် ၁၀ နာရီ

 

 ၁။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။      အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။      အမျိုးသားလွှတ်တော် ဒသမနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။      အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။      ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က)    ဦးစိုးဝင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ အံ့တော်ရပ်ကွက်၊ အံ့တော်ကွင်းရှိ စားကျက်မြေတွင် ဒေသခံများကို အဓမ္မ လုပ်အားပေးခိုင်းစေကာ “သံတွဲခရိုင် စံပြရော်ဘာစိုက်ပျိုးကွင်း” အဖြစ် အကောင်အထည်ဖော် စိုက်ပျိုးခဲ့ကြပြီး အဆိုပါရော်ဘာခင်းကို ထိုစဉ်က ဦးဆောင်စိုက်ပျိုးခဲ့ကြသည့် ခရိုင်အကြီးအကဲများကပင် ဦးပိုင်အမည်ပေါက် ရယူခဲ့ကြပြီး ယခုအခါ ခရိုင်အကြီးအကဲများမှ ရယူထားသော ရော်ဘာခင်း များတွင် ကုမ္ပဏီများမှ ဝင်ရောက်၍ လုပ်ငန်းများ ဆောင်ရွက်နေခြင်းများမှာ ဥပဒေလုပ်ထုံးလုပ်နည်းနှင့် ညီညွတ်ခြင်း ရှိ/မရှိနှင့် စားကျက်မြေနေရာ အသစ်တစ်ခုထပ်မံ၍ သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ )  ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်အတွင်း ကျေးရွာများဖြစ်သည့် ပုလဲကိုင်းကျေးရွာ၊ လက်ပန်ကျေးရွာ၊ ဇီးချောင်းကျေးရွာများအား ပြည်ထဲရေး အမည်စာရင်း ထည့်သွင်းပေးရန်နှင့် ကျေးရွာများအဖြစ် အသိအမှတ်ပြု သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ )   ဗိုလ်မှူးဇဝန၊ တပ်မတော်သား ကိုယ်စားလှယ်၏ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) မှ ဥပဒေနှင့်အညီ ဆောင်ရွက်နေမှုများကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း။

၆။      ဦးစိုးမိုး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၏ ပြည်သူများ ယုံကြည်ကိုးစား အားထားပြီး ဖြောင့်မတ်မှန်ကန်မျှတသည့် တရားစီရင်ရေး ဖြစ်ထွန်းစေရန် တရားသူကြီး၊ အမှုသည်နှင့် သက်သေများ တရားခွင်တွင် ကျမ်းသစ္စာကို တိကျ လေးနက်စွာ ကျိန်ဆိုရေး အဆိုကို အောက်ပါ လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးခြင်း၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည် ဖြေရှင်း ဆွေးနွေးခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း -

(က)    ဒေါ်နွယ်နွယ်အောင်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)

( ခ )   ဦးလှဆန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)

( ဂ )   ဦးကျော်ကျော်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)

(ဃ)    ဦးကျော်ကျော်ဝင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)

( င )   ဦးကျော်တုတ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)

( စ )   ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)

(ဆ)    ဒေါ်အိအိပြုံး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)

၇။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ ရပ်နားကြောင်းနှင့် ၁၁ ရက်မြောက်နေ့ အစည်းအဝေး  ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။