Share this

ဒသမနေ့ အစည်းအဝေးမှတ်တမ်းအနှစ်ချုပ် (၁.၆.၂၀၁၈)

Friday, June 8, 2018 - 15:51

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး

ဒသမနေ့ အစည်းအဝေး အကျဉ်းချုပ်

    ၁၃၈၀ ပြည့်နှစ်၊ နယုန်လပြည့်ကျော် ၃ ရက်

( ၂၀၁၈ ခုနှစ်၊ ဇွန်လ ရက် )

[သောကြာနေ့]

၁။           ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဒသမနေ့ကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။              မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဥ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်-

     (က)  ဦးကျော်သန်း၊ ကယားပြည်နယ်   မဲဆန္ဒနယ်အမှတ်(၈)၏ ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့နယ်၊ သံလွင်မြစ်ကူးတံတား (ရွာသစ်-စွပ်ပိုင်) တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က  သံလွင်မြစ်ကူး တံတား စွပ်ပိုင်တည်ဆောက်မည့်နေရာသည် ထိုင်းနိုင်ငံနှင့် ကယားပြည် နယ်တို့၏ BP -10 လမ်းကြောင်းပေါ်တွင်တည်ရှိပြီး တံတားတည် ဆောက်ပေးရန် စတင်ဆောင်ရွက်လျက်ရှိသော်လည်း ထိုင်းနိုင်ငံဘက်မှ လမ်းဖောက်လုပ်ရန်နှင့် နယ်စပ်ကုန်သွယ်ရေးကိစ္စများဆောင်ရွက်ရန် အစီ အစဉ် မရှိသေးပါသဖြင့် လောလောဆယ်တည်ဆောက်ရန်မသင့်ကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့၍ ကယားပြည်နယ်အစိုးရအဖွဲ့ နှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

(ခ)    ဦးတက်ထွန်းအောင်၊ ရခိုင်ပြည်နယ်  မဲဆန္ဒနယ်အမှတ်(၂)၏ ရခိုင်ပြည် နယ်၊ ပေါက်တောမြို့နယ်၊ အနောက်ဖရုံကာကျွန်းရှိ စိုးမဲကျီဆံတော်ရှင် တောင်ကျော်လမ်း မြေသားလမ်း ဖောက်လုပ်ခြင်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က လမ်းအဆင့်သတ်မှတ်ချက်အရ ဦးစားပေး အဆင့်(၁)တွင်ပါဝင်သော လမ်းဖြစ်သဖြင့် လမ်းအဆင့်မြှင့်တင်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်ရန်ပုံ‌ငွေတွင် လျာထားတင်ပြတောင်းခံပေးသွားမည်ဖြစ်ပြီး ရန်ပုံ‌ငွေ ခွဲဝေ ရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ဖြေကြားသည်။

   (ဂ)    ဦးနိုင်ကိုကို၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ မန္တလေး - တကောင်း - ဗန်းမော် - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးအတွင်း ကျန်ရှိနေသော ထီးချိုင့်မြို့နယ်၊ ကသာမြို့နယ်၊ မဘိမ်းမြို့နယ်အတွင်းရှိ အရှည် ၃၀ မိုင် ၄ ဖာလုံ လမ်းပိုင်းကို ၁၈ ပေ အကျယ် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဖောက်လုပ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က မန္တလေး -တကောင်း-ဗန်းမော်-မြစ်ကြီးနားလမ်း မိုင်တိုင်အမှတ်(၈၅/၀)နှင့် (၁၂၀/၀) အတွင်း (၃၅)မိုင်အရှည် (၁၈)ပေအကျယ် ကွန်ကရစ်လမ်း အဆင့်တိုးမြှင့် ဆောင်ရွက်ရန်အတွက် International Project Management အစီအစဉ်အတိုင်း Detail Design Review ပြုလုပ်ခြင်း၊ Bidding Document များပြင်ဆင်ခြင်း၊ Technical Evaluation ပြုလုပ်ခြင်း၊ Price Bid Opening ပြုလုပ်ခြင်း စသည့်လုပ်ငန်းများကို ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ODA Loan ချေးငွေနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ စတင်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဖြေကြားသည်။

 (ဃ)      ဒေါ်နန်းမိုးမိုးထွေး၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ကရင်ပြည် နယ်အတွင်းရှိ ခရိုင်ချင်းဆက်လမ်း၊ မြို့နယ်ချင်းဆက်လမ်း၊ ‌ကျေးရွာချင်း ဆက်လမ်း နယ်နိမိတ်များအား အများပြည်သူသိရှိပြီး ဥပဒေချိုးဖောက်မှု များ လျော့နည်းလာစေရန် ဥပဒေ၊ နည်းဥပဒေများ အခါအားလျော်စွာ ထုတ်ပြန်သည့်အမိန့်၊ ညွှန်ကြားစာများအား အများပြည်သူသို့ အသိပညာ ပေး ရှင်းလင်းခြင်းများ ပြုလုပ်ပြီး လမ်းနယ်နိမိတ်မှတ်တိုင်များ တိုင်းတာစိုက်ထူပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က လမ်းနယ် နိမိတ်မှတ်တိုင်များ စိုက်ထူခြင်းနှင့် လမ်းအမည်၊ လမ်းအဆင့်အတန်း၊ လမ်းနယ်အကျယ်တို့ကိုဖော်ပြ၍ လမ်းနယ်နိမိတ်အတွင်း ကျူးကျော်ဝင် ရောက်ပါက လမ်းမကြီးများဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းကို အများပြည်သူသိရှိစေရန် ဗွီနိုင်းဆိုင်းဘုတ်များ စိုက်ထူခြင်းတို့ကိုလည်း ဆောင်ရွက်ထားရှိပြီး လမ်းနယ်နိမိတ် သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ အများပြည်သူများ ပိုမိုသိရှိနိုင်စေရန်အတွက် လမ်းနယ်နိမိတ်မှတ်တိုင် များကို ထပ်မံစိုက်ထူပေးသွားမည်‌ဖြစ်ပြီး လမ်းနယ်နိမိတ်အတွင်း အဆောက်အဦများ ကျူးကျော်ဆောက်လုပ်မှု မရှိစေရေးအတွက် အသိပ ညာပေးလုပ်ငန်းတစ်ရပ်အနေဖြင့် ကရင်ပြည်နယ် အတွင်းရှိခရိုင်(၄)ခုတွင် သက်ဆိုင်ရာခရိုင်၊မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များနှင့် လမ်းဦးစီးဌာနတို့ပူး ပေါင်း၍ ၂၀၁၈ခုနှစ်၊ ဇူလိုင်လအတွင်း၌ လမ်းနယ်နိမိတ်ဆိုင်ရာကိစ္စရပ် များကို ပြည်သူလူထုသို့ ထပ်မံချပြရှင်းလင်းခြင်းများ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

(င)      ဦးရှန်အောရ်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ လောက်လုံး၊ လီချား၊ ဘွန်လုံး၊ ဒေါင်ဗား၊ ဖိုင်ဖာ(က)၊ ဖိုင်ဇောင်း၊ လုံရန်း၊ လုံခင်း၊ လေပီး ဟူသော ကျေးရွာ (၉)ရွာအား ရွာချင်းဆက် ကားလမ်းဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က လောက်လုံး-လီချားလမ်းသည် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် (၂၁)ပေအကျယ် မြေသား လမ်း(၃)မိုင်ခန့် ဖောက်လုပ်ပေးခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်  ပြည်ထောင်စု၏ (၁၂)လရန်ပုံငွေတွင် မြေသားလမ်း(၃)မိုင် ဆက်လက် ဖောက်လုပ်ရန်နှင့်  ၎င်းလမ်းပေါ်ရှိ ဘွေနူးမြစ်ကူး(တီးမစ်)ချောင်းကူး တံတား တည်ဆောက်နိုင်ရန်အတွက် ရန်ပုံငွေထည့်သွင်းလျာထား ပေးသွားမည်ဖြစ်ပြီး ကျန်ရှိနေသော ဒေါင်ဗာ- ဖိုင်ဖာ(က)- ဖိုင်ဇောင်း- လုံရန်း-လုံခင်း-လေပီးလမ်းများသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာန၊ လမ်းစာရင်းတွင်ပါဝင်ခြင်းမရှိသေးပါသဖြင့် ဆောက်လုပ်ရေးဝန်ကြီး ဌာနပိုင်လမ်းအဖြစ် သိမ်းသွင်းနိုင်ရေးအတွက် ချင်းပြည်နယ် အစိုးရအဖွဲ့မှ ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်  ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

(စ)     ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကုလားတန်မြစ်အနောက်ဘက်၊ ပလက်ဝမြို့မှ အဘောင် သားကျေးရွာအထိ ဆိုင်ကယ်လမ်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ်ပေးရန်  အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က လမ်းအဆင့်သတ် မှတ်ချက်အရ ဦးစားပေးအဆင့်(၁)တွင် ပါဝင်သဖြင့် ပြည်ထောင်စု၏(၁၂) လ ရန်ပုံငွေတွင် မြေသားလမ်း(၃)မိုင် ဖောက်လုပ်နိုင်ရန်အတွက် တင်ပြ ထားပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် (၄)မိုင်အားလည်းကောင်း၊  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် (၃)မိုင်အားလည်းကောင်း၊  ဆက်လက် ဆောင်ရွက်နိုင်ရန် နှစ်အလိုက် ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာ ထားပေးသွားမည်ဖြစ်ပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင်အ ထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

၃။            အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီးပေးပို့  ထားသော မြန်မာနိုင်ငံကြက်ခြေနီအသင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေးတင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌက ကြေညာသည်။

၄။      ဒေါ်ကျိန်ငိုက်မန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၇) (ဥပဒေကြမ်းကော်မတီဝင်)က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီးပေးပို့လာသော ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌက ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

အစီရင်ခံစာဖတ်ကြားခြင်း၊ ဥပဒေကြမ်းအတည်ပြုခြင်း၊ အဆိုတင်သွင်းခြင်း၊ ထောက်ခံခြင်းနှင့် အဆုံးအဖြတ်ရယူခြင်း၊

 ၅။     ဒေါက်တာမျိုးအောင်၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀) (ဥပဒေကြမ်းကော်မတီ ဝင်)က အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေး ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းပြီး တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။

၆။      ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီ ဥက္ကဋ္ဌက အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား အတည် ပြုရန် အဆိုတင်သွင်းရာ လွှတ်တော်ကိုယ်စားလှယ်(၁)ဦးကထောက်ခံပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။

၇။           အစည်းအဝေးကို ၁၁၀၀ နာရီအချိန်တွင် ရပ်နားပြီး (၁၁)ရက်မြောက်နေ့ အစည်းအဝေးကို ၄-၆-၂၀၁၈ ရက်နေ့ (တနင်္လာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

                                                                                အမျိုးသားလွှတ်တော်